မြိတ်မြို့မှာကျင်းပမည့် ၈ လေးလုံးငွေရတု ဖိတ်ကြားတဲ့ ဗီနိုင်းတွေ ဖြုတ်သိမ်းခံရ
တနင်္သာရီတိုင်း မြိတ်မြို့မှာ ၂ဝ၁၃ ခိုစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားအတွက် ဖိတ်ကြားထားတဲ့ ဗီနိုင်းပိုစတာတွေ အားလုံး မနေ့ညက ဖြုတ်သိမ်းဖျက်ဆီးခံခဲ့ရပါတယ်။
-
2013-08-06 -
-
-
ဒီလဆန်းလောက်ကတည်းက သက်ဆိုင်ရာကို အကြောင်းကြားစာပို့ထားပြီး ကပ်ထားတဲ့ပိုစတာတွေ အဖျက်ခံလိုက်ရတာလို့ မြိတ်မြို့ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးကော်မတီဝင် ကိုတင်ကိုကိုဦးက ပြောပါတယ်။
မြိတ်မြို့အတွင်းနေရာ ၁၂ နေရာလောက်မှာ ဗီနိုင်းပိုစတာအသေးတွေကပ်ထားပြီး ၁၈ ပေ ၃ ပေရှိတဲ့ မြေစိုက်ပိုစတာကြီးနှစ်ခုကို အခမ်းအနားကျင်းပမယ့် ဘုန်းတော်ကြီးကျောင်းအဝင်ဝနဲ့ ဗိုလ်ချုပ်ကြေးရုပ်ဘေးမှာ စိုက်ထူထားခဲ့တယ်လို့ ပြောပါတယ်။ တနင်္ဂနွေနေ့ညက ဗိုလ်ချုပ်ကြေးရုပ်ဘေးက ပိုစတာဖျက်ဆီးခံခဲ့ရာမှာ ဘယ်သူတွေ ဖျက်ဆီးသွားမှန်းမသိရဘူးလို့ ဆိုပါတယ်။
မနေ့ကတော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ အခမ်းအနား ကျင်းပရေးကော်မတီတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ရတဲ့အတွက် မဆုံးဖြတ်နိုင်လို့ ရန်ကုန်ကိုလှမ်းတိုင်ပင်ပေမဲ့ မိုးသည်းထန်နေတာမို့ အဆက်အသွယ်မရသေးဘဲ ရှိနေချိန်မှာ ကျန်တဲ့ပိုစတာတွေအားလုံး အဖျက်ခံရတာလို့ ကိုတင်ကိုကိုဦးက ပြောပါတယ်။