လူထုလှုပ်ရှားမှု အထိမ်းအမှတ် နိုင်ငံတကာမှာ ကျင်းပ

ရှစ်လေးလုံး လူထု နိုင်ငံရေး အုံကြွမှု အထိမ်းအမှတ် လှုပ်ရှားမှုတွေအဖြစ် ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေကို နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေက ကျင်းပကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ၂၀၁၁ ခုနှစ် ကြဂုတ်လ ၈ ရက်နေ့တွင်၂၃ နှစ်မြောက် ၈ လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် မြန်မာသံရုံးကို ချီတက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပုံ။ ဓါတ်ပုံ - nldlajb.blogspot.com nldlajb.blogspot.com

သြစတေးလျနိုင်ငံမှာ ရှိကြတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကင်ဘာရာမြို့တော်မှာရှိတဲ့ မြန်မာ အစိုးရ သံရုံးကို သွားရောက်ပြီး ကန့်ကွက် ဆန္ဒပြကြပါတယ်။ အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၈၀၀ လောက်ကလည်း မြန်မာသံရုံးကို ချီတက်ပြီး ကန့်ကွက် ဆန္ဒပြကြပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးနိုင်ငံ တယ်လာဗစ်မြို့တော်မှာ နေထိုင်ကြတဲ့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ (၂၀) က အဲဒီမှာရှိတဲ့ မြန်မာအစိုးရ သံရုံးကို ကန့်ကွက် ဆန္ဒပြကြပါတယ်။ ထိုင်း ၊ အိန္ဒိယနဲ့ တောင်ကိုးရီးယား နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ရှစ်လေးလုံး အခမ်းအနားတွေ ဆန္ဒပြပွဲတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

သြစတေးလျ ၊ဂျပန် ၊ အစ္စရေး နဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ ရောက်ရှိကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဒီကနေ့ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲတွေအကြောင်းကို ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အိန္ဒိယရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဓါတ်ပုံတွေကိုကိုင်ဆောင်ပြီး နယူးဒေလီမြို့လည်မှာ ချီတက် ဆန္ဒပြခဲ့ကြတဲ့ အကြောင်း RFA သတင်းထောက် ကိုကောင်းမြတ်မင်းက သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
အလားတူ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့မှာလည်း ၈၈ နှစ်လည်အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုမိုးကျော်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org