နိုင်ကျဉ်းစိစစ်ရေးကော်မတီ လုပ်ငန်း AAPP ဝေဖန်

အစိုးရရဲ့ လုပ်ထုံးလုပ်နည်း ကန့်သတ် ချက်တွေကြောင့် အစိုးရနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ငန်းထိရောက်မှုတွေ နှောင့်နှေးနေ ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ AAPP က ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်တို့ဟာ ဇန်နဝါရီလ ၇ရက်နေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးနေစဉ် Photo: 88 facebook

အစိုးရရဲ့ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်တွေကြောင့် အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ငန်းထိရောက်မှုတွေ နှောင့်နှေးနေ ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ AAPP  ရဲ့ မေလ အစီရင် ခံစာအကျဉ်းချုပ်မှာ အခုလို ပြောကြားလိုက်တာဖြစ် ပြီး လောလောဆယ်အထိ အကျဉ်းထောင်တွေထဲ မှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၉၀ ကျော် တရားစွဲဆိုခံနေရတယ် လို့ AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော် မတီအနေနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ၂ ကြိမ်သာ အစည်းဝေးခေါ်နိုင်ခဲ့ပြီး လက်တွေ့ အကျဉ်းကျခံနေရသူတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေရှိနေတဲ့အတွက် ကော်မတီဝင်တွေအနေနဲ့ ထိထိရောက်ရောက်စိစစ်နိုင်ရေး အားနည်းနေသေးတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ မေလအတွင်း လယ်ယာမြေသိမ်းဆည်းမှုတွေ ဆက်ပြီးရှိနေတာ၊ လယ်သမားတွေ ဆက်လက် ထိန်းသိမ်းဖမ်းဆီးခံရတာတွေ ရှိနေတဲ့အတွက် အခြေနေဟာ စိုးရိမ်စရာကောင်းကြောင်း၊ ပြစ်ဒဏ်ကျခံနေရတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ ကိုနေမျိုးဇင်၊ ဦးဝင်းချိုစတဲ့ လူ့အခွင့်ရေးလှုပ်ရှားသူ ၆ ဦးကို အမြန်ဆုံး လွှတ်ပေးဖို့ AAPP က တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA အဖွဲ့သား ဦးကျော်မင်းထွန်း မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org