၂၀၂၁ MacBride ငြိမ်းချမ်းရေးဆု AAPP ရရှိ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ၂၀၂၁ ခုနှစ် Sean MacBride ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ (IPB) က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာ ခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ လိုဂိုကို တွေ့ရစဥ် Photo: AAPP

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ၂၀၂၁ ခုနှစ်အတွက် "Sean MacBride ငြိမ်းချမ်းရေးဆု" ချီးမြှင့်လိုက်တယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ (International Peace Bureau) က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် အသက်ပေးအနစ်နာခံသူ သူရဲကောင်း အားလုံးကို ရည်ရွယ်ပြီး ချီးမြှင့်တာလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၁ ရက် ဒီကနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် AAPP အသင်းကို ၂၀၀၀ ပြည့်နှစ်ကစလို့ နိုင်ငံရေးအကျဥ်းသားတွေ စုပေါင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီအနေနဲ့ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ တရားစွဲဆို ထောင်ချတာနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် အနည်းဆုံး ပြည်သူ ၁၁၀၉ ဦး သေဆုံးခဲ့ပြီလို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org