အကယ်ဒမီ ၇ ဆုရှင် ဝါရင့်သရုပ်ဆောင် ညွန့်ဝင်း ကွယ်လွန်
အကယ်ဒမီ ၇ ဆု ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွန့်ဝင်းဟာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက ပြောပါတယ်။
- 2021-07-01
-
-
-
အကယ်ဒမီ ရွှေစင်ရုပ် ၇ နဲ့ တွေ့ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွန့်ဝင်း
.
အကယ်ဒမီ ၇ ဆု ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွန့်ဝင်းဟာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်း မှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက ပြောပါတယ်။
သရုပ်ဆောင် ဦးညွန့်ဝင်း ဟာ အသက် ၈၂ အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
"လေးစားအားကျရပါသော ထပ်ဆင့် အကယ်ဒမီ ၇ ဆုပိုင်ရှင် မင်းသားကြီး (ဦးညွန့်ဝင်း) ကွယ်လွန်အနိစ္စ ရောက်သည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်" လို့လည်း အကယ်ဒမီ ခင်ဇာခြည်ကျော်က ဝမ်းနည်းကြောင်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
အကယ်ဒမီများရှင် ညွန့်ဝင်းဟာ ၁၉၆၈ ခုနှစ်က စပြီး “ဗန်တိုလူလေးနှင့် သူဇာ” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။