ALD ပါတီဝင်ဟောင်းတွေ ပါတီအသစ် တည်ထောင်ဖို့ ဆုံးဖြတ်
ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်း စည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ALD ပါတီဝင်ဟောင်းတွေက ANP ကနေခွဲထွက်ပြီး သီးခြားပါတီသစ်တစ်ခုတည်ထောင်ရပ် တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
2016-10-10 -
-
-
ရခိုင်အမျိုးသားပါတီ ANP တွင်းက အခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို အောက်တိုဘာလ ၈ ရက်နေ့ က ကောျက်တော်မြို့မှာ ကျင်းပစဉ်
ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းတွေက ANP ကနေခွဲထွက်ပြီး သီးခြားပါတီသစ်တစ်ခု တည်ထောင်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး မှာအပြီး မနေ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီနှစ်ခု မရှိစေရဆိုတဲ့ ရခိုင်ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ နှစ်ခုကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်း ခဲ့တာဖြစ်ပါတယ်။
ကျောက်တော်မြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ALD ပါတီထောက်ခံသူတွေနဲ့ ဒေသခံ ၂၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။