ရခိုင်မျိုးချစ်ပါတီ ဖျက်သိမ်းပြီး ALD ပါတီနဲ့ တရားဝင်ပူးပေါင်း


2019.06.14
app-ald-meeting-622.jpg ရခိုင်မျိုးချစ်ပါတီ APP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်တွေ စစ်တွေဟိုတယ်မှာ ၂၀၁၈ အောက်တိုဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/RFA

ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဖြစ်သွားကြပြီဖြစ်ပါတယ်။

ဇွန်လ ၁၃ ရက် မနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရခိုင်မျိုးချစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်မျိုးချစ်ပါတီ APP က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နဲ့ ရည်ရွယ်ချက်တူပြီး ပါတီမူဝါဒ လမ်းစဉ်ချင်း တူတဲ့အတွက် နှစ်ပါတီကို တစ်ပါတီအဖြစ်ပူးပေါင်းဖို့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းလောက်ကတည်းက သဘောတူထား ခဲ့တာဖြစ်တယ်လို့ ALD ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့် က ပြောပါတယ်။

ရခိုင်မျိုးချစ်ပါတီ APP ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။