ဝှိုက်ကဒ် ကိုင်ဆောင်ထားသူများ မဲမပေးရေး ဥပဒေကြမ်း တင်သွင်း

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဝှိုက်ကဒ် ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်မပြုကြောင်း ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက် ပါတယ်။

ရခိုင်ပြည်နယ်မှာ ဝှိုက်ကဒ်တွေကို ဧပြီလ ၁ ရက်နေ့တွင် စတင်သိမ်းဆည်းနေစဉ်။ Photo: Min Thein Aung/ RFA

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဝှိုက်ကဒ် ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုကြောင်း ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။

မူလဥပဒေမှာ ပြဌာန်းထားတဲ့ မဲပေးခွင့်ရှိသူစာရင်း ကနေ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို က ပြည်သူ့လွှတ်တော်မှာ ပြောသွားပါတယ်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူများ အဖြစ် ပြဌာန်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ သဘောထားနှင့်အညီ ပြင်ဆင်သည့်ဥပဒေကြမ်းများ တင်သွင်းပေးပါရန် ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားလာပါတယ်၊ အကြောင်းကြားချက် အရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေရဲ့ပုဒ်မ ၁၁(က) မှာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းရခြင်းဖြစ်ပါတယ်"

ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေး ခွင့်ပြုတာဟာ ဖွဲ့စည်းပုံနဲ့မညီဘူးလို့  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ ပါတယ်။

အဲဒီလက်မှတ်တွေဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး အစိုးရထံ ပြန်လည်အပ်နှံထား ပါတယ်။ လက်မှတ်ပြန်လည်အပ်နှံထားသူတွေ ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် ကို ပြန်လည်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့အတွက် ကျင်းပခဲ့တဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခဲ့ကြသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲပေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org