၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စိစစ်ဖို့ ANP ပါတီ တောင်းဆို

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။

ရခိုင်အမျိုးသားပါတီ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပနေစဉ် Photo: Myo Zaw Ko/ RFA

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့မှာကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ဒီလုပ်ငန်းကိုစမယ်ဆိုရင် နိုင်ငံသားပေးတဲ့လူရှိမယ်၊ ပေးတဲ့လူကို ဘာအခွင့်အရေးပေးမှာလဲ ၊ နိုင်ငံသားအခွင့်အရေး နိုင်ငံအနှံ့မှာအခြေချတဲ့အတွက်ပေး၊ မပေးသေးတဲ့ပုဂ္ဂိုလ်များကို ဘယ်လို အရေးယူမလဲ၊ အဲ့ဒီအရေးယူမယ့်အပိုင်းကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းကော်မတီဆိုတာ ဘာတွေလိုမလဲ၊ အဲ့ဒါကိုလူထုယုံကြည်အောင် ချပြဖို့လိုပါတယ်"

နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဘယ်လိုပုံစံမျိုးနဲ့လုပ်ကိုင်မယ်ဆိုတာကို ပြည်သူကိုရှင်းပြဖို့၊ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနတွေကို တိုးချဲ့ပေးဖို့ နဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ပွင့်လင်း မြင်သာစွာလုပ်ဆောင် ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောင်ရွက်သွားတဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေအပေါ် ပြန်လည် သုံးသပ်ပြီး ပြည်သူကိုရှင်းပြဖို့လည်း ANP ပါတီက တောင်းဆိုခဲ့ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ တိုင်းရင်းသားမဟုတ်တဲ့ တခြားနိုင်ငံသားတွေ နိုင်ငံသား လျှောက်နိုင်ခွင့် မပါဝင်ဘဲ ပြုနိုင်ငံသားနဲ့၊ ဧည့်နိုင်ငံသား သာ လျှောက်ထားခွင့်ပါရှိတယ်လို့ အရင်အစိုးရရဲ့ နိုင်ငံသား စိစစ်ရေးကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ စစ်တွေမြို့ခံ ဦးသာပွင့် က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org