ANP ပါတီ ရန်ကုန်တိုင်းဌာနခွဲ ကွဲလွဲမှုများ စေ့စပ်ဆွေးနွေး

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရန်ကုန်တိုင်း ဌာနခွဲ ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပရာမှာ ပါတီခေါင်းဆောင်တွေအကြား ပွင့်ပွင့်လင်းလင်းရှိ သလို ပြင်းပြင်းထန်ထန်လည်း ပြောဆိုကြတယ်လို့ သိရ ပါတယ်။

RNDP နှင့် ALD ပါတီတို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party)အဖြစ်ထူထောင်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့စဉ် photo: RFA/ Tun Myint

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရန်ကုန်တိုင်းဌာနခွဲ ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပရာမှာ ပါတီခေါင်းဆောင်တွေအကြား ပွင့်ပွင့်လင်းလင်းရှိသလို ပြင်းပြင်းထန်ထန် လည်း ပြောဆိုကြတယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲဟာ ANP ပါတီရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သလို ရန်ကုန်တိုင်းဥက္ကဌ လည်းဖြစ်တဲ့ ဦးလှမြင့်က RFA ကိုပြောပါတယ်။

"အဓိကဆုံးဖြတ်ချက်က ကျနော်တို့ ၂၅၊ ၂၆ မှာ စစ်တွေမှာ CED ၃၉ စုံညီထိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ချတယ်၊ စနစ်တကျနဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ သွားဖို့အတွက် ကျနော်တို့ အကုန်လုံးသဘောတူ ဆွေးနွေးကြပါတယ်"

အစည်းအဝေးကို ဦးအေးသာအောင်၊ ဦးထွန်းအောင်ကျော်၊ ဦးသာထွန်းလှ၊ ဦးလှစော၊ ဒေါ်တင်မေအောင်  စတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၂ဝ ခန့် တက်ရောက်ခဲ့ပါတယ်။

RNDP  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အတွင်း သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်နေချိန်မှာ အခုအစည်းအဝေးကို အပြုသဘောဆွေးနွေးနိုင်ခဲ့ပါတယ်လို့လည်း ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org