အမုန်းစကား လျော့နည်း ပပျောက်ရေး ဆွေးနွေး
အမုန်းစကား Hate speech ပြောဆိုမှု ပပျောက် လျော့နည်းသွားရေးအတွက် ငယ်စဉ်ကတည်းက မိဘတွေက ပညာပေးဖို့၊ အမုန်းစကား ပြောဆိုမှုနဲ့ပတ်သက်ပြီး အသိ ပညာပေးတဲ့ပွဲတွေ ကျင်းပသွားဖို့၊ မိတ်ဆွေ အပေါင်း အသင်း အချင်းချင်းကြားမှာ အမုန်းစကားတွေ ရှောင် ကျဉ်ရေး အသိပညာတွေဝေမျှသွားဖို့နဲ့ ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူသွားဖို့ လိုအပ်ကြောင်း မီဒီယာဥပဒေ အကြံပေး ဒေါက်တာ Venkatlyer က ဒီကနေ့ ပြောလိုက် ပါတယ်။
-
2014-04-24 -
-
-
အမုန်းစကား Hate speech ပြောဆိုမှု ပပျောက် လျော့နည်းသွားရေးအတွက် ငယ်စဉ်ကတည်းက မိဘတွေက ပညာပေးဖို့၊ အမုန်းစကား ပြောဆိုမှုနဲ့ပတ်သက်ပြီး အသိပညာပေးတဲ့ပွဲတွေ ကျင်းပသွားဖို့ ၊ မိတ်ဆွေအပေါင်းအသင်း အချင်းချင်းကြားမှာ အမုန်းစကားတွေ ရှောင်ကျဉ်ရေး အသိပညာတွေဝေမျှသွားဖို့နဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုအရေးယူသွားဖို့ လိုအပ်ကြောင်း မီဒီယာဥပဒေအကြံပေး ဒေါက်တာ Venkatlyer က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ရန်ကုန်မြို့ တာမွေမြို့နယ် sky Star ဟိုတယ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Friedrich Ebert Stiftung (FES) တို့ ပူးပေါင်းကျင်းပတဲ့ Hate speech နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဒေါက်တာ Venkatlyer က အခုလို ပြောကြားသွားတာပါ။
"ငယ်ငယ်ကတည်းက ပညာပေးဖို့လိုပါတယ်၊ အဲဒီပညာဆိုတာဟာ ကျောင်းသင်ပညာ မဟုတ်ပါဘူး၊ မိဘအသိုင်းအဝိုင်းက ပညာပေးဖို့လိုပါတယ်"
မီဒီယာ ဥပဒေအကြံပေး DR Venkatlyer က ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဟာ မရှိမဖြစ်အရေးကြီးကြောင်း ပြောပါတယ်။
ဒါ့အပြင် သတင်းစာလွတ်လပ်ခွင့်အရ သတင်းတွေကို ရေးသားပြောဆိုရာမှာ အစိုးရ အာဏာပိုင်တွေဘက်က သတင်းမီဒီယာသမားတွေဟာ အမုန်းပွားစေတဲ့စကားတွေကို ပြောဆိုရေးသားတယ်လို့ သတ်မှတ်ဖို့ မသင့်သလို ၊ မီဒီယာတွေဘက်ကလည်း လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်စေရေး စောင့်ထိန်းရေးသားဖို့လိုအပ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ် ။