ဒီကေဘီအေ ဗိုလ်မှူး ၂ ဦး ဖမ်းဆီးခံရ
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က ကော့ကရိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး သရဲနီနဲ့ ကလိုထူးဖေါဗျူဟာက ဗိုလ်မှူး ဝေ့ထူး တို့ကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ အစိုးရတပ်က တနင်္လာနေ့က ဖမ်းလိုက်ပါတယ်။
-
2015-07-15 -
-
-
Your browser doesn’t support HTML5 audio
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က ကော့ကရိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး သရဲနီနဲ့ ကလိုထူးဖေါဗျူဟာက ဗိုလ်မှူး ဝေ့ထူး တို့ကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ အစိုးရတပ်က တနင်္လာနေ့က ဖမ်းလိုက်ပါတယ်။
စင်္ကာပူမှာဆေးသွားကုနေရတဲ့ DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလားဘွယ် ပြန်လာမှာကို ရန်ကုန်မှာကြိုဖို့အသွား၊ လမ်းမှာဖမ်းလိုက်တာဖြစ်ပြီး၊ အဲဒီကိစ္စကို အစိုးရအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတယ်လို့ DKBA နိုင်ငံရေးအဖွဲ့က ဗိုလ်မှူး စောလုံလုံ က RFA ကိုပြောပါတယ်။
"ဗိုလ်မှူး စောသရဲနီ က ကော့ကရိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံပေါ့၊ ဗိုလ်မှူး စောဝေ့ထူးက ကလိုထူးဖေါဗျူဟာကပေ့ါ၊ ဌာနကအတည်ပြုပါတယ် ဖမ်းထားတယ် ထိန်းထားတယ် မပူနဲ့လို့ပြောပါတယ်၊ သူတို့ရန်ကုန်ကိုသွားတယ် ပိုက်ဆံပါသွားတယ် အဓိက ဗိုလ်ချုပ်ကြီး စောလားဘွယ် စင်္ကာပူကပြန်လာဖို့ ရှိတယ်၊ အဲဒီ့မှာလည်း ဆေးဖိုးဝါးခတွေရှင်းဖို့ဆိုပြီး သွားတဲ့ပုံစံမျိုးပဲ၊ လမ်းမှာသူတို့ကားကို စစ်ဆေးပြီးတော့ ထိန်းတဲ့ပုံစံမျိုးဖြစ်တာပေါ့"
အစိုးရတပ်က ဖမ်းထားတာကို အတည်ပြုပေမယ့် ဘာကြောင့်ဖမ်းတယ်၊ ဘယ်နေရာမှာပို့ထားတယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ တစ်ခုမှမပြောတဲ့အတွက် အဖွဲ့ကရော၊ မိသားစုတွေကပါ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က အင်္ဂါနေ့ မနက် ၁၀ နာရီခွဲလောက်မှာလဲ ကော့ကရိတ်မြို့ရဲ့ တောင်ဘက် ၃ မိုင် အကွာလောက်မှာ အစိုးရတပ်နဲ့ DKBA တပ်တွေ တစ်နာရီခွဲလောက်ကြာအောင် တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က ဆက်ဆံရေးရုံတာဝန်ခံအပါအဝင် အရာရှိနှစ်ဦးကို အစိုးရဘက်ကဖမ်းလိုက်တဲ့ကိစ္စနဲ့ အခုတခါပြန်ဖြစ်လာတဲ့ DKBA နဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကို အဖွဲ့ရဲ့ နိုင်ငံရေးကော်မတီက ဗိုလ်မှူးစောလုံလုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။