မြန်မာ့ တပ်မတော်အရာရှိတွေကို ဗြိတိန်အစိုးရ ပြန်လွှတ်
ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေကြတဲ့ မြန်မာ့တပ်မတော်သင်တန်းသား အရာရှိတွေကို ဗြိတိန်အစိုးရက ပြန်လည်စေလွှတ်ခဲ့အပေါ် တပ်မတော်က မနေ့က သဘောထားထုတ်ပြန်ခဲ့ ပါတယ်။
-
2017-09-20 -
-
-
ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေကြတဲ့ မြန်မာ့တပ်မတော်သင်တန်းသား အရာရှိတွေကို ဗြိတိန်အစိုးရက ပြန်လည်စေလွှတ်ခဲ့အပေါ် တပ်မတော်က မနေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့တပ်မတော်ဟာ အိမ်နီးချင်း၊ ဒေသတွင်း၊ နိုင်ငံတကာတပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင် ရွက်နေရာမှာ မြန်မာ-ဗြိတိန် တပ်မတော် နှစ်ရပ်ကြားမှာလည်း ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အတွက် မြန်မာ့တပ်မတော်က သင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံမှာ သင်တန်းတွေ တက်ရောက်နေ ကြကြောင်း၊ ဒီအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန် အမတ်တွေရဲ့ တောင်းဆိုမှုအရ မြန်မာသင်တန်းသားအရာရှိတွေကို မြန်မာနိုင်ငံ ပြန်လည်စေလွှတ်ခဲ့တဲ့အတွက် စက်တင်ဘာလ ၂၀ ရက်နေ့မှာ လန်ဒန်မြို့ မြန်မာစစ်သံရုံးမှာ သင်တန်းသားအားလုံး ရောက်ရှိခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ သင်တန်းသားတွေကို မြန်မာနိုင်ငံကို အမြန်ပြန်လည်ခေါ်ယူမှာဖြစ်ပြီး မူလ သဘောတူညီ ထားတဲ့ သင်တန်းသားတွေအပါအဝင် ဗြိတိန်နိုင်ငံကို သင်တန်းသားတွေ ထပ်မံစေလွှတ်မှာမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။