မြန်မာ့တပ်မတော်အတွက် ဗြိတိန်ပညာရေးသင်တန်းတွေ ယာယီရပ်နား
2017.09.20

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရှိနေတဲ့အတွက် ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာ့တပ်မတော်အတွက် သင်တန်း ပေးနေတာတွေကို ယာယီရပ်နားလိုက်ပြီလို့ ဗြိတိန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စကို လက်ခံနိုင်လောက်အောင် ဖြေရှင်းဆောင်ရွက်တာ မရှိမချင်း တပ်မတော် ချင်း ပူးပေါင်းဆောင်ရွက်နေတဲ့ ပညာရေးကိစ္စတွေကို ရပ်နားထားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေချိန်၊ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတဲ့အတွက် အထူးစိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ဒါကြောင့် မြန်မာ့တပ်မတော် အတွက် ပညာရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီပေးဖို့နဲ့၊ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေးတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
အခုလဆန်းပိုင်းက ဗြိတိန်လွှတ်တော်မှာ ဗြိတိန် ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာမှာတော့ မြန်မာ့တပ်မတော် ကို ဒီမိုကရေစီနိုင်ငံတွေမှာ ခေတ်မီတပ်မတော်တွေ ဘယ်လို ရပ်တည်ဆောင်ရွက်တယ်ဆိုတာကို သင်ကြားပေး တာဟာ ပြစ်ဒဏ်ခတ် အရေးယူတာထက်ပိုပြီး ထိရောက်တယ်လို့ ပြောဆိုထားပါတယ်။