မြန်မာ့အရေး ထိုင်းမှာ အာဆီယံဆွေးနွေးမည်
မြန်မာ့အကျပ်အတည်းဆွေးနွေးဖို့ ထိုင်းနိုင်ငံမှာ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပဖို့ အဖွဲ့ဝင်တွေ ပြင်ဆင်နေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Roy Soemirat က ပြောပါတယ်။
-
RFA Burmese
2024-12-05 -
-
-
မြန်မာ့အကျပ်အတည်းဆွေးနွေးဖို့ ထိုင်းနိုင်ငံမှာ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပဖို့ အဖွဲ့ဝင်တွေ ပြင်ဆင်နေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Roy Soemirat က သတင်းထောက်တွေကို ဒီဇင်ဘာလ ၅ ရက်က ပြောကြားတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံက ဖိတ်ကြားတာဖြစ်ပြီး အစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေး အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကစလို့ ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ချဉ်းကပ်ရေးနည်းလမ်းတွေ ဆွေးနွေးမယ်လို့ ပြောကြားပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အစည်းအဝေးစတင်ဖို့ရှိပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖို့ မျှော်လင့်ရတယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံ ဘုံသဘောတူညီချက် ချမှတ်ချိန်ကစပြီး ဒီသဘောတူညီချက်ကို မဆိုစလောက်သာ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ပုန်ကန်ခြားနားမှုနဲ့ တိုက်ပွဲဝင်နေရပြီး အပစ်အခတ်ရပ်ဖို့ အိမ်နီးချင်းနိုင်ငံတွေက တိုက်တွန်းတာကို လက်မခံဘူးလို့လည်း ရေးထားပါတယ်။