မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆို

ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းက သံလွင်မြစ်အပိုင်းမှာ တည်ဆောက်မယ့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တောင်း ဆိုလိုက်ပါတယ်။

ရေကာတာ တည်ဆောက်မယ့် သံလွင်မြစ် တစ်နေရာကို တွေ့ရစဉ် photo: Nay Thwae
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းက သံလွင်မြစ် အပိုင်းမှာ တည်ဆောက်မယ့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

တောင်ကြီးမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ရှမ်းပြည်တောင်ပိုင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မိုင်းတုံမြို့ခံတွေ ရဲ့ ဆွေးနွေးပွဲမှာ မိုင်းတုံရေကာတာကို ရပ်ဆိုင်းထားဖို့ သဘောထားရှိကြောင်း ဆွေးနွေးပွဲမှာပါဝင်သူ ကိုဣန္ဒ က ပြောပါတယ်။

"တိုင်းရင်းသားတွေရဲ့ သဘောတူညီမှုမရခင်မှာတော့ ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ဘဲနဲ့ ရပ်ထားစေချင်တယ်ပေါ့၊ နို့မို့ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ၊ မငြိမ်းချမ်းမှုတွေ၊ ပြဿနာတွေ၊ စစ်ပွဲတွေ အားလုံးဖြစ်ပေါ်လာနိုင်ပါတယ်"

အဲဒီရေအားလျှပ်စစ်စီမံကိန်းဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်း ၆ ခုထဲမှာ အကြီးဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထွက်ရှိမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ရေကာတာ စီမံကိန်း ၆ ခုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့လျှပ်စစ်ဓါတ်အားတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ထွက်ရှိမယ့် လျှပ်စစ်အားပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org