တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး

2022.01.12
တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး တမူး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: People's Defense Force - Tamu - တပ်ရင်း-၂

စစ်ကိုင်းတိုင်း တမူးမြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက်ငါးနာရီခွဲအချိန်က ဝက်ရှုကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာ မှာရှိတဲ့ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၁၁ ဦးခန့် သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက် မနေ့က ထုတ်ပြန် ပါတယ်။

အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းချိန် အပြန်အလှန်ပစ်ခတ်ရာမှာ သေဆုံးခဲ့တာဖြစ်ပြီး PDF အဖွဲ့ဘက်က လည်း သေဆုံးသူ နှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ လေးဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

တမူး PDF အဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေ့က ဝင်ရောက်စီးနင်းမှုကို တမူး PDF တပ်ရင်း (၁) က လုပ်ဆောင် ခဲ့တာလို့ ပြောပါတယ်။

PDF အဖွဲ့ဘက်က သေဆုံးသူနှစ်ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ သယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝိတုတ်၊ ခမ်းပတ်နဲ့ တမူးမြို့ အဝင်တွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပြီး ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။