ဘန်ကောက်က အလှပြင်ဆိုင်မှာ မြန်မာအမျိုးသမီးလေးဦးအပါအဝင် ခြောက်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဥပဒေအရ အလှပြင်ဆိုင်လုပ်ငန်းကို ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတယ်လို့ တရားဝင်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှပြင်ဆိုင်တစ်ဆိုင်အား ထိုင်းအာဏာပိုင်များမှ စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Khaosod English

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အလှပြင်ဆိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းခရီးသွားရဲတပ်ဖွဲ့နဲ့ အလုပ်အကိုင်ဦးစီးဌာနက ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာအမျိုးသမီးလေးဦးအပါအဝင် ခြောက်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် Khaosod English က ဖော်ပြပါတယ်။

တရုတ်ခရီးသွားတွေကို အဓိကဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တွေကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး အလှပြင်ဆိုင်မှာလုပ်ကိုင်နေတဲ့ အသက်လေးဆယ်အရွယ် တရုတ်နိုင်ငံသား မစ္စတာချန်နဲ့ အသက် ၃၀ အရွယ် မစ္စတာရန်တို့အပါအဝင် မြန်မာနိုင်ငံသား အသက် ၁၈ အရွယ် မလင်း၊ အသက် ၂၀ အရွယ် မမေ၊ အသက် ၂၃ နှစ်အရွယ် မကေနဲ့ အသက် ၁၉ နှစ်အရွယ် မမော်တို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ အလှပြင်ဆိုင်လုပ်ငန်းကို ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတယ်လို့ တရားဝင်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို နိုင်ငံခြားသားအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေမှုအပါအဝင် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာမှုနဲ့ပါ အရေးယူရခံနိုင်ပြီး သက်ဆိုင်ရာရဲစခန်းကို အမှုလွှဲပြောင်းထားကြောင်းနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org