ဗိုလ်တထောင်မှာ PR စနစ် ကန့်ကွက်သူတွေ ဆန္ဒပြ
ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ်မှာ ရာဂဏန်းလောက်ရှိမယ့် ဒေ သခံတွေက လက်ရှိလွှတ်တော် မှာ ဆွေးနွေးနေတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2014-11-08 -
-
-
ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ်မှာ ရာဂဏန်းလောက်ရှိမယ့် ဒေသခံတွေက လက်ရှိလွှတ်တော်မှာ ဆွေးနွေးနေတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
PR စနစ်ကို လွှတ်တော်ထဲမှာ ဆွေးနွေးနေတာကို ကန့်ကွက်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်က ဦးနေစိုးက ပြောပါတယ်။
"ဒီပီအာစနစ်ဟာ ဘာကြောင့်တိုင်းပြည်အတွက် မသင့်တော်ဘူးလို့ ပြောမယ်ဆိုရင် FPTP စနစ်မှာ ဘာအားနည်းချက်တွေရှိလဲ၊ ဘာအားနည်းချက်တွေ ရှိမှန်းမသိပဲနဲ့ ကြားဖြတ်ပြီးတော့ ဒီပီအာစနစ်ကြီးကို အတင်းစွတ်တင်တာတော့ ကျနော်လုံးဝမလိုလား ဘူး၊ နောက်ပီအာစနစ်နဲ့ ဆိုလို့ရှိရင် ကျနော်တို့ တင်မြှောက်တဲ့ လူထုခေါင်းဆောင်ဟာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မလာတော့ဘူး၊ ကျနော်တို့ရွေး ချယ်ပေးလိုက်တဲ့ ပါတီရဲ့ကိုယ်စားလှယ်ဟာ နိုင်ငံရဲ့ ထိပ်တန်းနေရာကို ရောက်လာမှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် ပီအာကိုကန့်ကွက်ပါတယ်"
ဆန္ဒပြသူတွေဟာ ဗိုလ်တထောင်မြို့နယ်အတွင်းက အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ဖြူလမ်း ဗိုလ်အောင်ကျော်လမ်း စတဲ့လမ်းတွေကို လှည့်လည်ပြီး လမ်းလျှောက်ဆန္ဒပြကြတာဖြစ်ပါတယ်။
လက်ရှိ လွှတ်တော်မှာ PR စနစ် ၈ မျိုးကို ဆွေးနွေးနေတာဖြစ်ပြီး အဲဒီအထဲက PR စနစ် တစ်မျိုးမျိုးကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။