နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ

RFA Burmese
2024.12.25
နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များမှ လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ်အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ကျင်းပစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းတွေကိုရောက်ရှိနေတဲ့ ဒုက္ခသည်တစ်သိန်းကျော်ဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ကူညီဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရိုဟင်ဂျာအရေး နိုင်ငံတကာက အာရုံစိုက်ဖြေရှင်းပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့ ဒီကိုရောက်လာတာ ရှစ်နှစ်ထဲရောက်နေပြီ။ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေနဲ့ အခြေအနေတွေက ရှုတ်ထွေးနေတယ်။ ဒုက္ခသည်တွေအားလုံးနေရပ်ပြန်ရေးအတွက် နိုင်ငံတကာက အာရုံစိုက်ဖြေရှင်းပေးမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် စုပေါင်းတောင်းဆိုရတာပါ

ဆန္ဒပြပွဲကို စခန်းတာဝန်ခံတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒုက္ခသည်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်မှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ ဒုက္ခသည်တစ်သန်းကျော်ဟာ စခန်းပေါင်း ၃၀ ကျော်မှာ နေထိုင်နေကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ထံ ICC ရှေ့နေချုပ် ကာရင်ခန်း (Karim Khan) က နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြလျှောက်ထားခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။