ရုပ်သံဥပဒေမူကြမ်း ပြင် ဆင်ပေးရေး ထပ်မံတောင်းဆို

အမျိုးသားလွှတ်တော်က အတည်ပြု လိုက်ပြီးဖြစ်တဲ့ Broadcasting Law ရုပ်သံဥပဒေမူကြမ်းဟာ ရုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကို တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေး မထားတဲ့အတွက် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေ က ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုလိုက်ကြပါတယ်။

ရုပ်သံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာကျင်းပရာ DVB ဒုတိယအမှုဆောင် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း ဆွေးနွေးနေစဉ် Photo: Khin Maung Soe/RFA

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ Broadcasting Law ရုပ်သံဥပဒေမူကြမ်းဟာ ရုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကို တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေးမထားတဲ့ အတွက် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ အသံလွှင့် မီဒီယာဆွေးနွေးပွဲတစ်ခု ဒီကနေ့ကျင်းပခဲ့ရာ မှာ ရွှေသံလွင်နဲ့ Forever Group တို့လို လက်ရှိရုပ်သံထုတ်လွှင့်နေတဲ့ သတင်းဌာနကြီးတွေဟာ ရုပ်သံမီဒီယာဥပဒေ မပြဌာန်းသေးခင်ကတည်းက ရုပ်သံလိုင်းတွေ တိုးချဲ့ထားပြီးသားဖြစ်နေပြီး ဈေး ကွက်ကိုထိန်းချုပ်ထားတယ်လို့ ဒီမိုကရက် တစ်မြန်မာ့အသံ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး  ဦးခင်မောင်ဝင်းက ပြောပါတယ်။

"အခုဒီမှာရှိနေပြီးသား ရှေ့ကနှစ်ယောက်ကတော့လည်း ဈေးကွက်ကိုလွှမ်းမိုးထားပြီးသား၊ ချုပ်ကိုင်ပြီးသား ချယ်နယ်မျိုးစုံဖွင့်နေကြတယ်၊ အားကစားတွေရော၊ ရုပ်ရှင်တွေရော၊ သတင်းရော အကုန်လုံးလုပ်နေကြတယ်၊ ပြီးတော့ နောက်လာတဲ့လူတွေနဲ့ ဘယ်လိုလုပ်သွားယှဉ်လို့ရမလဲ၊ အဲ့ဒါက တန်းတူရည်မျှယှဉ်ပြိုင်ခွင့် ပျက်ယွင်းနေတဲ့အခြေအနေ အဲ့ဟာကနောက်တက်လာတဲ့ လွတ်လပ်တဲ့ မီဒီယာဌာနတွေကို အသေသတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်"

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် စာရေးဆရာဖေမြင့်ကလည်း မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် အင်မတန်တင်း ကျပ်ပြီး ခေတ်နဲ့ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်ပြီလို့ ပြောပါတယ်။ မဇ္ဈိမ သတင်းဌာနက အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း  သတင်းစာနဲ့ ဂျာနယ်ထုတ်ဝေသူတွေဟာ ရုပ်သံမီဒီယာဘက်ကို ကူးပြောင်းပြီး လုပ်ပိုင်ခွင့် မရှိတော့တဲ့အတွက် မျှတမှုမရှိကြောင်းနဲ့ အားနည်းချက်တွေရှိနေကြောင်း ဝေဖန်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို သတင်းဌာနတွေနဲ့ ရုပ်သံ မီဒီယာစိတ်ဝင်စားသူ ၄ဝ ခန့်တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ဟောပြောခဲ့ကြတဲ့ စာရေးဆရာ ဦးဖေမြင့်နဲ့ မဇ္ဖျိမ ဦးစိုးမြင့်တို့ရဲ့ အမြင်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ဟောပြောခဲ့ကြတဲ့ ထိုင်းလူမျိုး နာမည်ကျော် စာနယ်ဇင်းသမား Mr. Kavi Chongkittavorn နဲ့ DVB ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org