စာနယ်ဇင်းသမားများကို အကျဉ်းချရာမှာ မြန်မာက စတုထ္တ

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့(CPJ) က ၁၉၉၆ ခုနှစ် နောက်ပိုင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ သတင်းသမားတွေကို အကျဉ်းချမူ့တွေ တိုးပွားလာတယ်လို့ ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့ က ကြေညာချက် ထုတ်ပြန်ပါတယ် ။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် သတင်းကို နိုဝင်ဘာ ၁၅ ရက်က ပုဂ္ဂလိက ဂျာနယ်တစောင်တွင် ဖတ်ရှုနေသူတဦး ဖြစ်ပါသည်။ ထိုသတင်းကို အကျယ်တဝင့် ဖော်ပြသည့် စာနယ်ဇင်း ၉ ခုကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ်အထိ ပိတ်ပင်ခဲ့သည်။ (Photo: AFP) (Photo: AFP)

မြန်မာနိုင်ငံက အဖမ်းခံခဲ့ရတဲ့ သတင်းသမားတွေထဲမှာ တီဗွီသတင်းထောက် မလှလှဝင်း ကို အဖမ်းခံရတာကို အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ အာရှရေးရာ တာဝန်ခံ Bob Dietz က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အကျဉ်းချတဲ့အထဲမှာ စတုတ္ထမြောက် နာမည်အဆိုးဆုံး ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ဖမ်းဆီးပြီးအကျဉ်းချထားတဲ့ စာနယ်ဇင်းသမား အကျဉ်းသား ၁၃ ဦး ရှိတာ ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ ဒါဟာ အီရိထရီးယား ၊ အီရန် နဲ့ တရုတ် စတဲ့နိုင်ငံတွေပြီးရင် စတုတ္ထ အဆိုးဝါးဆုံးဖြစ်ပါတယ်လို့ သူက ပြောသွားပါတယ်။

အဲဒီ သတင်းသမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့CPJ ရဲ့ သတင်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA မှ ဦးခင်မောင်စိုးမင်းက စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org