ချောင်းသာကမ်းခြေ ဆိုင်ခန်း ၃၀၀ ကျော်ကို အာဏာပိုင်တွေ ဝင်ရောက်ဖျက်ဆီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ ချောင်းသာကမ်းခြေတစ်လျှောက် ဈေးဆိုင်ခန်းငယ် ၃၀၀ နီးပါးလောက်ကို ဒီနေ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ချောင်းသာကမ်းခြေနဲ့ စေတီပုံ photo: Internet

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ ချောင်းသာကမ်းခြေတစ်လျှောက် ဈေးဆိုင် ခန်းငယ် ၃၀၀ နီးပါးလောက်ကို ဒီနေ့ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ချောင်းသာကမ်းခြေက ဈေးဆိုင်ခန်းငယ်တွေ ဖယ်ရှားပေးဖို့ အရင်ကတည်းက အသိပေးပြီးသားလို့ သိရပါတယ်။ ဈေးသည်တွေက အစားထိုးနေရာချ ထားပေးဖို့ တောင်းဆိုပေမယ့် မရခဲ့ဘူး လို့ ချောင်းသာကမ်းခြေ ဈေးသည်တစ်ဦးဖြစ်သူ မနှင်းအိအိခိုင်က ပြောပါတယ်။

"မနေ့ကတော့ သူတို့ လော်စပီကာနဲ့ပေါ့နော် မနက်ဖြန်ဈေးမရောင်းနဲ့ ရောင်းတာတွေ့ရင် ပစ္စည်းတွေသိမ်းမယ်၊ ဒီကမ်းခြေမှာ ရောင်းပိုင် ခွင့်မရှိဘူးလို့ လာအော်သွားတယ်၊ အခုစနေ၊ တနင်္ဂနွေက ဧည့်သည်ကျတဲ့ရက်ဖြစ်နေတယ်၊ သူတို့က ဒီရက်လေးတွေပဲ ဧည့်သည်ကို ဈေးရောင်းစားနေရတာလေ၊ အဲတော့သူတို့လည်းထွက်တယ်၊ ထွက်တော့ဖမ်းတယ်ပေါ့၊ ဈေးမရောင်းနဲ့လို့ ပြောထားပေမယ့် ချောင်းသာကလူတွေက ကမ်းခြေက ဧည့်သည်တွေကိုပဲ မှီခိုပြီးရောင်းဝယ်စားနေရတာ၊ ကျမတို့ကို ဘယ်ပုံဘယ်နည်းရောင်းရမယ်ဆိုတာ စည်းကမ်းသတ်မှတ်ပေးပါဆိုပြီး ပြောပြတာ သူတို့ကလက်မခံဘူး၊ ပစ္စည်းတွေပါ အကုန်သိမ်း၊ ခုံတွေပါအကုန်သိမ်း၊ လုပ်စားစရာမရှိအောင် အဲလိုမျိုးဖြစ်နေကြတာ"

အဲ့ဒီဈေးသည်တွေဟာ ချောင်းသာကမ်းခြေမှာ ပင်လယ်စာနဲ့ ပင်လယ်ထွက်ပစ္စည်းတွေကို ရောင်းချနေ သူတွေ ဖြစ်ပါတယ်။

အရင်ကလည်း ချောင်းသာကားလမ်းတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပြီး ဆိုင်ခန်းအသစ် တစ်ခန်းကို ကျပ်သုံးသိန်းနှုန်းနဲ့ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ အခု ဖျက်ဆီးခံရတဲ့ ဈေးသည်တွေဟာ ဆိုင်ခန်းခမတတ်နိုင်သူတွေလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org