ချောင်းသာ ဒီရေတောတွေနေရာက အိမ်ယာစီမံကိန်း ဒေသခံတွေ ကန့်ကွက်


2015.10.26
chaungthar-baech-620.jpg ချောင်းသာကမ်းခြေကို တွေ့ရစဉ်
Photo: Tourism Transparency

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတစ်လျှောက်မှာ ဒီရေတောတွေကိုခုတ်ပြီး မြေဧက ရာနဲ့ချီတဲ့ အိမ်ယာစီမံကိန်း ဆောက်လုပ်နေတာကို ဆက်မလုပ်ဖို့ ဒေသခံတွေက တားမြစ်ပေမဲ့၊ ကုမ္ပဏီဘက်ကတော့ ဆက်လုပ်နေကြတယ်လို့ ချောင်းသာဒေသခံတွေက ပြောပါတယ်။

အိမ်ယာစီမံကိန်းအတွက် ဒီရေတောတွေခုတ်လိုက်ပြီး အဲဒီက စွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ကမ်းခြေမှာလာ တင်နေတဲ့အတွက် ကမ်းခြေပျက်စီးနိုင်မှာစိုးရိမ်လို့ အခုလိုကန့်ကွက်ရတာလို့ ချောင်းသာရွာဒေသခံ ဦးမောင်ပု က ပြောပါတယ်။

"အိမ်ယာစီမံကိန်းတွေကို ဒီရေတောမှာ တောက်လျှောက်လုပ်မယ်ဆိုရင် ချောင်းသာကမ်းခြေဟာ အချိန်မကြာခင် အတောအတွင်းမှာပဲ ပျက်စီးသွားနိုင်တယ်၊ ချောင်းသာကမ်းခြေ ညစ်ပတ်နေတာက ဒီရေပင်တွေကို ခုတ်ထွင် ရှင်းလင်းလို့ဖြစ်တာ၊ အဲ့ကနေ အရွက်တွေ နှုံးတွေအားလုံးက ချောင်းသာကမ်းခြေပေါ် အမှိုက်တွေကလာ တင်တယ်၊ ချောင်းသာမှာရှိတဲ့ လူတွေအကုန်လုံး မှီခိုနေတာ ကမ်းခြေပဲဖြစ်တယ်"

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကစပြီး ချောင်းသာကမ်းခြေမှာရှိတဲ့ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး Sun Light ကုမ္ပဏီက ပါရမီအိမ်ယာစီမံကိန်း၊ ဒေါနတောင်အိမ်ယာ စီမံကိန်းနဲ့ မရမ်းကျွန်းအိမ်ယာစီမံကိန်းဆိုပြီး အိမ်ယာ စီမံကိန်း ၃ ခုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေါနတောင် အိမ်ယာစီမံကိန်းဆိုရင် မြေဧက ၁ဝဝ ကိုအသုံးပြုဖို့ အစိုးရထံမှာ တရားဝင်တင်ပြထားပြီး ပါရမီစီမံကိန်းနဲ့ မရမ်းကျွန်းအိမ်ယာစီမံကိန်းတွေကတော့ မြေဧက ဘယ်လောက်သုံးစွဲထားသလဲဆိုတာ မသိရဘူးလို့ ပြောကြပါတယ်။

ဒေသခံတွေက အဲဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ မြို့နယ်နဲ့ တိုင်းဒေသကြီးအဆင့်ဆင့်က တာဝန်ရှိသူတွေကို တိုင် ကြားခဲ့ကြပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်ကိုယ်တိုင် လာရောက်ပြီး အဲဒီစီမံကိန်းတွေကို ဆက်မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် Sun Light ကုမ္ပဏီက ဆက်လုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်းစီမံကိန်းရဲ့ နောက်ဆုံးအခြေအနေတွေ ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တာဝန်ရှိသူတွေက စစ်တွေမြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။