ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

RFA Burmese
2025.05.06
ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန် ၂၀၂၅ မေလ ၅ ရက်နေ့က ကွယ်လွန်သွားသည့် ဦးဦးလှစောအား တွေ့ရစဉ်။
RFA

ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မေလ ၅ ရက် ည ၁၁ နာရီကျော်က ကွယ်လွန်သွားပါတယ်။

သူဟာ လည်ချောင်းကင်ဆာရောဂါ ခံစားနေရပြီး ဆေးရုံမှာ တက်ရောက်ကုသနေစဉ်အတွင်း ကွယ်လွန်သွားတာပါ။

ဦးဦးလှစောဟာ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ် ရှိပါပြီ။

၁၉၇၀ နောက်ပိုင်း တက္ကသိုလ်မှာ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ခေတ်ပေါ်ကဗျာနဲ့ ဝတ္ထုတို၊ ရသစာတွေ ရေးသားရာမှာ ထင်ရှားတဲ့သူတစ်ဦး ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကာလမှာ ဦးဦးလှစောဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရက ပါတီကိုတရားမဝင်အဖြစ် ကြေညာခဲ့တဲ့အတွက် ပါတီဖျက်သိမ်းခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ကိုတည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ RNDP နဲ့ ALD ပါတီပူးပေါင်းရေးမှာ အဓိကဦးဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှာကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံကိုလည်း အဓိကဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဦးဦးလှစောဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။