ချင်းမိုင်မြို့ လေထုအညစ်ညမ်းဆုံး မှတ်တမ်းဝင်

ချင်းမိုင်မြို့ဟာ ဧပြီ ၉ ရက် မနက် ၉ နာရီ မိနစ် ၂၀ က ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဆင့် ရောက်ရှိသွားတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Srilanna အမျိုးသားဥယျာဉ်တွေ လေထုညစ်ညမ်းမှု မြင့်မာနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ချင်းမိုင်မြို့ဟာ ဧပြီ ၉ ရက် မနက် ၉ နာရီ မိနစ် ၂၀ က ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဆင့် ရောက်ရှိသွားတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

တစ်ကုဗမီတာမှာ အမှုန် ၂၀၃ မိုက်ခရိုဂရမ် ရှိတယ်လို့ IQAir လေထုအရည်အသွေး တိုင်းတာရေးအဖွဲ့က ပြောပါတယ်။

ဧပြီ ၁၀ ရက်နဲ့ နောက်နေ့တွေထိ ချင်းမိုင်မြို့ဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့လည်း မိုးလေဝသဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဧပြီ ၁၁ ရက်က ၁၅ ရက်နေ့ထိ သင်္ကြန်ပွဲတော်ဆင်နွှဲမှာဖြစ်ပြီး ချင်းမိုင်မြို့ဟာ အားလပ်ရက် ခရီးသွားလာသူ အများဆုံးမြို့ ဖြစ်ပါတယ်။

ချင်းမိုင် ၇ မြို့နယ်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး လေထုညစ်ညမ်းနေတဲ့အတွက် ဝန်ထမ်းတွေ ဧပြီ ၁၁ ရက်ထိ အိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ဒေသခံတွေနဲ့ ဧည့်သည်တွေ ဖြစ်နိုင်ရင် အိမ်ပြင်မထွက်ဖို့၊ ထွက်ရင်လည်း နှာခေါင်းစည်းစည်းကြဖို့လည်း မှာကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org