အသင်းအဖွဲ့ဥပဒေကြမ်း ကန့်သတ်ချက်တွေ ပယ်ဖျက်ဖို့ အဖွဲ့ ၄၀ တောင်းဆို

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းထဲမှာ အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းလှုပ်ရှားခွင့်ကို နယ်မြေကန့်သတ်ထားတဲ့အချက်ကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၀ကျော်က လွှတ်တော် ဥပဒေကြမ်းကော်မတီကို တောင်းဆိုထားတယ် လို့ ဒီနေ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။

ရန်ကုန်မြို့ စီတီးစတားဟိုတယ်မှာ ဇွန်လ ၄ ရက်နေ့က အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ သတင်းစာရှင်းလင်းစဉ် Photo: Myo Zaw Ko/RFA

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းထဲ မှာ အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းလှုပ်ရှားခွင့်ကို နယ်မြေကန့်သတ်ထားတဲ့အချက်ကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၀ကျော်က လွှတ်တော် ဥပဒေကြမ်းကော်မတီကို တောင်းဆိုထားတယ်လို့ ဒီနေ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြော ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ စီတီးစတားဟိုတယ်မှာ အသင်းအဖွဲ့ များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက သတင်း စာရှင်းလင်းပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ သတင်း စာရှင်းလင်းပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ အချက် ၉ ချက်ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး တာဝန်ခံ ကိုစိုးထွန်းက ပြောပါတယ်။

အဲ့ဒီအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးပြီး သဘောထားကွဲလွဲနေတဲ့အချက်တွေကို အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွေမှာ ဆက်လက်ဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်။

အရပ်ဘက်လှုမှုအဖွဲ့အစည်း ၄၀ကျော်က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေအပါအဝင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေအထူးကိစ္စရပ်တွေကို စောင့်ကြည့်ရေး ကော်မတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org