တရားရုံးက လွှတ်ပေးထားသူ ရဲစခန်းက ပြန်လည်ဆင့်ခေါ်


2014.09.15

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ တရားရုံးက လွှတ်ပေးထားသူတစ်ဦးကို ရဲစခန်းက ပြန်လည်ဆင့်ခေါ် ခဲ့ပါတယ်။

၂၀၁၃ မေလက ပုသိမ်မြို့နယ် သပြေပင်ရွာက ဦးနန်းဝင်း ဆိုသူကို ပစ္စည်းခိုးမှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဦးနန်းဝင်းအလုပ်လုပ်တဲ့အိမ်က ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး၊  စွပ်စွဲခံရတာလို့ သိရပါတယ်။

ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းက ဦးနန်းဝင်းကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ခိုးယူကြောင်း ဝန်မခံတဲ့အတွက် နှိပ်စက်ခံရရုံမက၊ ကိုယ်ဝန် နှစ်လရှိနေပြီဖြစ်တဲ့ ဇနီးဒေါ်သန်းသန်းအေးကိုပါ ဇွန်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဒေါ်သန်းသန်းအေးကို   ဖမ်းဆီးထားရာက  ရွှေထည်တွေ ဝှက်ထားတဲ့နေရာ သိရမယ်ဆိုပြီး၊ ဝှက်ထားမယ်ထင်တဲ့ နေရာတွေကို လှေနဲ့ခေါ်ပြီး ပြခိုင်းခဲ့ကြောင်း၊ သွားရောက်ရှာဖွေတဲ့ သုံးနေရာစလုံးမှာ ဘာမှမတွေ့ရဘဲ ဇွန် ၁၇ ရက်နေ့မှာ ငဝန်မြစ်ထဲ ဒေါ်သန်းသန်းအေး ကျသွားပြီးသေဆုံးသွားခဲ့ ပါတယ်။

ဦးနန်းဝင်းကိုတော့ သက်သေမခိုင်လုံလို့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်သန်းသန်းအေးရဲ့ မိဘတွေက အဆင့်ဆင့်တိုင်ကြားပေမဲ့ တစုံတရာ အကြောင်းမထူးခဲ့ပါဘူး။

မကြာသေးခင်က ဒီအမှုကို လူ့အခွင့်အရေးအဖွဲ့တွေက တင်ပြလာချိန်မှာ၊ ရဲစခန်းက ဦးနန်းဝင်းကို ဆင့်ခေါ်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အပြည့်အစုံကို ဒေါ်စန်းစန်းတင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။