ကိုဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ရဲ့ စွဲချက်ပြင်ဆင်မှု တရားရုံးပယ်ချ

စာရေးဆရာ ကိုဝေဟင်အောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ စွဲချက်တင်ခံထားရတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို ပယ်ဖျက်ပေးဖို့ အတွက် ပြင်ဆင်မှုတင်သွင်းထားတာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက် ပါတယ်။

ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

စာရေးဆရာ ကိုဝေဟင်အောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ စွဲချက်တင်ခံထားရတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် ပြင်ဆင်မှုတင်သွင်းထားတာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

အခုလိုပလပ်ခံရတဲ့အတွက် မူလတရားရုံးဖြစ်တဲ့ စစ်တွေခရိုင်တရားရုံးမှာ အဲဒီအမှုနှစ်ခုစလုံးနဲ့ ဆက်လက် အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ရှေ့နေ ဒေါ်အေးနုစိန်ကတော့ ပြင်ဆင်မှုတင်သွင်းချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ပလပ်လိုက်တာနဲ့ ပတ်သက်လို့ အထက်တရားရုံးကို ဆက်ပြီးတင်ပြဦးမလားဆိုတာ မိသားစုဝင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။

စစ်တွေခရိုင်တရားရုံးက စာရေးဆရာကို ဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင် တို့ကိုချမှတ်ထားတဲ့ စွဲချက်အမိန့်ကို ပယ်ဖျက်ပေးဖို့ နှစ်ဘက်ရှေ့နေတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြည်နယ်တရားလွှတ်တော်ရုံးကို ပြင်ဆင်မှု တင်သွင်းခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာ အဲဒီပြင်ဆင်မှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအတောအတွင်း မနေ့ည ၁၁ နာရီကျော်အချိန်က ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းထဲမှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org