မျိုးစောင့်ဥပဒေကြမ်း ၄ ခု မပြဌာန်းဖို့ အဖွဲ့ ၆ခု လွှတ်တော်မှာ တင်ပြ


2015.06.02
may-sabai-phyu-620.jpg Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူ ကိုတွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ကျန်နေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၆ဖဲ့ွက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံ ဒီနေ့တင်ပြလိုက်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်း လေးခုဟာ အမျိုးသမီးအခွင့်အရေးကို ထိခိုက်နေသလို ခွဲခြားဆက်ဆံရာ ရောက်နေတဲ့ အတွက် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ Gender Equality Network ညွှန်ကြားရေးမှူး မမေစပယ်ဖြူက ပြောပါတယ်။

"ကျမတို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်းမရှိတဲ့အပြင် ကျမတို့ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်လာမယ့် အရိပ်အရောင်ရှိတဲ့အတွက်ကြောင့် ကျမတို့က ဒီဥပဒေတွေကို နောက်ဆုံးအကြိမ် အထိ ကန့်ကွက်သွားမှာပါ"

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီနဲ့ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ လူမှုအဖဲ့ွအစည်းကိုယ်စားလှယ်တွေက ဒီနေ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်းတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကန့်ကွက်သူတွေရှိပေမယ့် အတည်ပြုပြီး ဖြစ်ပါတယ်။

အဲဒီ့ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ပြီး အတည်ပြုရမှာဖြစ်ပါတယ်။

ဒေါ်မေစပယ်ဖြူကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။