CSO အဖဲ့ွများ နှီးနှောဖလှယ်ပွဲ ရန်ကုန်မြို့မှာ စတင်ကျင်းပ

လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုထိရောက်စွာ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံတဝှမ်းက အရပ်ဘက်အဖဲ့ွအစည်းတွေပါဝင်တဲ့ သုံးရက်ကြာ နှီးနှော ဖလှယ်ပွဲ ကို ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ မနေ့က ဖွင့်လှစ်ကျင်းပပါတယ်။

မြန်မာနိုင်ငံတဝှမ်းက အရပ်ဘက်အဖဲ့ွအစည်းတွေပါဝင်တဲ့ သုံးရက်ကြာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ခဝဲခြံ မျက်မမြင်ကျောင်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပစဉ်

လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွေမှာ ပိုမိုထိရောက်စွာ ပါဝင်နိုင်ရေးအ တွက် မြန်မာနိုင်ငံတဝှမ်းက အရပ်ဘက်အဖဲ့ွအ စည်းတွေပါဝင်တဲ့ သုံးရက် ကြာ နှီးနှောဖလှယ်ပွဲ ကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ မနေ့က ဖွင့်လှစ် ကျင်းပပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ မှာ အသင်းအဖဲ့ွတွေ လွတ်လပ်စွာနဲ့ ညီညွတ်စွာပါဝင် လုပ် ကိုင်နိုင်ရေးအတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့ တာဖြစ်တယ် လို့ ဦးဆောင်ကျင်းပသူ ပေါင်းကူးအဖဲ့ွ ဥက္ကဌ ဒေါက် တာကျော်သူက ပြောပါတယ်။

အရပ်ဘက်အဖဲ့ွအစည်းတွေက တင်ပြနေကြတဲ့ ပြည် သူတွေရဲ့ အခက်အခဲတွေကို အစိုးရက အလေးအ နက် ဆွေးနွေးအဖြေရှာဖို့ လိုအပ်နေပြီလို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက သုံးသပ်ကြပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ အရပ်ဘက် အဖဲ့ွ အစည်းတွေက   အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ လူငယ်ရေးရာနဲ့ ငြိမ်း ချမ်းရေးစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနေကြပါတယ်။

RFA သတင်းထောက် မစန်းမော်အောင်က အဲဒီနှီးနှောဖလှယ်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org