အလုပ်သမားသမဂ္ဂအဖွဲ့ ၈ ဖွဲ့ ဆန္ဒပြ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပြင်ဆင်ချက်မှာ ထောင်ဒဏ်ထည့်သွင်းပေးဖို့ အပါအဝင် အလုပ်သမားအခွင့်အရေးတွေကို အလုပ်သမားသမဂ္ဂအဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ဒီနေ့ သခင်မြပန်းခြံကနေ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
-
2019-01-20 -
-
-
Your browser doesn’t support HTML5 audio
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပြင်ဆင်ချက်မှာ ထောင်ဒဏ်ထည့်သွင်းပေးဖို့ အပါအဝင် အလုပ်သမားအခွင့်အရေးတွေကို အလုပ်သမားသမဂ္ဂအဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ဒီနေ့ သခင်မြပန်းခြံကနေ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အမျိုးသားလွှတ်တော်က ပြင်ဆင်လိုက်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ဖြည့်စွက်ထားတဲ့အတွက် အဲဒီဖြည့်စွက်ချက်ကို ထောက်ခံကြောင်းနဲ့ ပြည်သူ့လွှတ်တော်မှာလည်း အဲဒါကို သဘောတူထောက်ခံပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေကိုလည်း အလုပ်သမားဆိုတဲ့ အဓိပ္ပာယ်ထဲမှာ ထည့်သွင်းပြဌာန်းပေးဖို့ တောင်းဆိုကြ ပါတယ်။ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းနေစဉ်မှာ အလုပ်ကနေ ထုတ်ပယ်တာ မလုပ်ဖို့ဆိုတဲ့ အချက်ကိုလည်း ဥပဒေမှာ ထည့်သွင်းပေးဖို့၊ နေ့စားလပေး ပညာရေးလုပ်သားတွေကို အမြဲတမ်းဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးဖို့ စတာတွေကိုလည်း တောင်းဆိုကြတာဖြစ်ပါတယ်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို မကြာခင်ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုတာလို့ ပြောကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဦးဆောင်ပြီး အလုပ်သမား သမဂ္ဂအဖွဲ့ စုစုပေါင်း ၈ ဖွဲ့က လူအင်အား တစ်ထောင်ကျော် ပါဝင်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။