သီလဝါမှာ အလုပ်သမားတွေ ဆန္ဒပြ


2019.06.21
ctum-workers-protest-622.JPG အလုပ်ကနေထုတ်ပယ်လိုက်တဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ သီလဝါစက်မှုဇုံမှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အလုပ်သမားတွေ ဆန္ဒပြခဲ့ကြစဉ်
Photo: Htun Htun Naing

ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အလုပ်ကနေထုတ်ပယ်လိုက်တဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမား ၁၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

သီလဝါစက်မှုဇုံ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ PROSPERITY KNITWEAR LTD.MYANMAR သိုးမွှေးစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးကို စက်ရုံရဲ့ ဂုဏ်သိက္ခာကျဆင်းစေတာကြောင့် အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ဒါကြောင့် အဲဒီစက်ရုံက အလုပ်သမားတွေအပါအဝင် မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်နဲ့ CTUM အဖွဲ့တို့ ပူးပေါင်းပြီး စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တစ်ဦးကို အလုပ်ပြန်ခန့်ဖို့နဲ့ အလုပ်သမားဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။