ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထား


2018.01.08
japan-road-622.jpg မြစ်ကြီးနားမြို့အတွင်း မော်တော်ဆိုင်ကယ်တွေနဲ့ သွားလာနေသည်ကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

တနိုင်း- မြစ်ကြီးနားလမ်းပိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ကန့်သတ်လိုက်ပြီး ဘာကြောင့်ကန့်သတ်တယ်ဆိုတာ မသိရသေးဘူးလို့  တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီနေ့ ပြောပါတယ်။

ခလရ ၂၉၇ နောက်တန်းဌာနချုပ် အနီးတစ်ဝိုက်မှာ စီးနင်းခွင့် တားမြစ်လိုက်တာဖြစ်ပြီး အဲဒီလမ်းပိုင်း ရောက်ရင် ဆိုင်ကယ်တွေကို ကားပေါ်တင်ပြီး သွားနေရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။

"ဖြစ်တာက ဖားကန့်မြို့နယ်ထဲမှာ တော်တော်များများ လီဒိုလမ်းမကြီးအသုံးပြုတာက တနိုင်းပြည်သူတွေ အများစု သုံးတာမှန်တယ်။ စတဲ့နေ့က လွတ်လပ်ရေးနေ့ စတာ၊ ဘာ့ကြောင့် ဘာရည်ရွယ်ချက်နဲ့ မစီးခိုင်းတာလဲ မသိဘူး၊ တနိုင်းမြို့ထဲမှာစီးခိုင်းတယ် ၂၉၇ တပ်ရင်းဖြစ်စဉ်မှာ အဲ့နားတစ်ဝိုက် မစီးခိုင်းတာပါ ကျန်တဲ့နေရာတွေ စီးခိုင်းတယ်၊ ဆိုင်ကယ်မဖြတ်ရဘူးပေါ့၊ ဆိုင်ကယ်မဖြတ်ရတော့ ဆိုင်ကယ်သမားတွေက ကားတွေကိုစောင့်ပြီး ကားပေါ်တင်သွားရတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖားကန့်မြို့နယ်အတွင်းက ခလရ ၂၉၇ နောက်တန်းဌာနချုပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဌာနချုပ်အနီးတဝိုက်က စစ်ဆေးရေးဂိတ်တွေမှာ တပ်မတော်က စစ်ဆေးတားမြစ်နေတာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်လည်စီးနင်းခွင့်ပြုမယ်ဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။

လက်ရှိတနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။