ဆိုင်ကလုံး လာမည်


2016.05.11
cyclon-620.jpg မေလ ၁၉ - ၂၂ ရက်အတွင်းဖြစ်ပေါ်မယ့် ဆိုင်ကလုန်းမုန်တိုင်း ရွေ့လျားမယ့်မယ့်လမ်းကြောင်း ခန့်မှန်းချက်ပုံ
Photo: U Tun Lwin Facebook

လာမယ့် မေလ ၂၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲသွားနိုင်တဲ့အတွက် အချိန်နဲ့တပြေးညီ ဂရုစိုက်ကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပြီး ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို ဦးတည်လာပြီး နောက်ပိုင်းမှာ နောက်ပြန်လှည့်သွားနိုင်တဲ့ အနေအထားရှိတယ်လို့ ဒေါက်တာထွန်းလွင် က သူရဲ့ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းသဘောအရ ပြောင်းလဲတတ်တာကြောင့် စဉ်ဆက်မပြတ် သတိထားဖို့ လိုအပ်ကြောင်းလည်း ရေးသားထား ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မေလ ၁၉ ရက်နေ့မှာ စတင်ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။

ဆရာဦးထွန်းလွင်ဟာ ဒုလ္လဘသင်္ကန်းဝတ်နေပေမယ့် မိုးလေဝသ သတင်းတွေကို အဆက်မပြတ် ဖေ့စ်ဘွတ်ကနေ အသိပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။