သံလွင်မြစ်တစ်လျှောက် ရေကာ တာ စီမံကိန်းများ ရုပ်သိမ်းပေးဖို့ တိုက်တွန်း

မြန်မာနိုင်ငံက ပင်မမြစ်ချောင်းတွေပေါ် မှာ ရေကာတာတွေဆောက်လုပ်ဖို့ စီစဉ်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ နိုင်တာကြောင့် ဒီရေကာတာစီမံကိန်းတွေကို ရုတ်သိမ်း ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က ဒီကနေ့ သဘောထားကြေညာချက်ထုတ်ပြန်ပြီး တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံက ပင်မမြစ်ချောင်းတွေပေါ်မှာ ရေကာတာတွေဆောက်လုပ်ဖို့ စီစဉ်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ဒီရေကာတာစီမံကိန်းတွေကို ရုတ်သိမ်းရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က ဒီကနေ့ သဘောထားကြေညာချက်ထုတ်ပြန်ြီး တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓါတ်အား တင်ပို့ရောင်းချဖို့အတွက် ချင်းတွင်းမြစ်ပေါ်မှာ ဆောက်လုပ်နေတဲ့ ထမံသီရေကာတာစီမံကိန်းကို အိန္ဒိယအစိုးရက ဖျက်သိမ်းခဲ့သလိုဘဲ တရုတ်နဲ့ ထိုင်း အစိုးရတွေအနေနဲ့  သံလွင်မြစ်တစ်လျှောက်မှာ ရေကာတွေဆောက်လုပ်ဖို့ စီစဉ်နေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မအနန်က ပြောပါတယ်။

သံလွင်မြစ်တစ်လျှောက် မှီတင်းနေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ဒေသခံတွေဟာ ဒီစီမံကိန်းတွေကြောင့်  အသက်အိုးအိမ်၊ လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို များစွာပျက်စီးစေနိုင်ကြောင်း၊ တချိန်တည်းမှာပဲ ၂၀၁၁ စက်တင်ဘာလက ဆိုင်းငံ့ခဲ့တဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဒေသခံပြည်သူလူထု ဆန့်ကျင်နေတဲ့ကြားက တရုတ်အစိုးရက ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတာကို ကန့်ကွက်ကြောင်း၊ တရုတ်နဲ့ ထိုင်းနိုင်ငံအစိုးရတွေအနေနဲ့ လိုအပ်နေတဲ့လျှပ်စစ်စွမ်းအင်ကို မိမိတို့နိုင်ငံအတွင်းမှာသာ နည်းလမ်းရှာဖွေ ဖြည့်ဆည်းသွားသင့်ကြောင်း လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org