အမေရိကန်သတင်းသမား Danny Fenster ပြစ်မှုနှစ်ခု ထပ်တိုးခံရ

ငါးလကျော် အကျဉ်းချခံနေရပြီး ပုဒ်မ ၃ ခုနဲ့ အရေးယူခံထားရတဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ နောက်ထပ် ပြစ်မှုနှစ်ခုနဲ့ အရေးယူခံ ခဲ့ရတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က မနေ့က အင်္ဂါနေ့မှာ ပြောတဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားသော အမေရိကန်သတင်းသမား Danny Fenster။ Photo: AFP

ငါးလကျော် အကျဉ်းချခံနေရပြီး ပုဒ်မ ၃ ခုနဲ့ အရေးယူခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster ဟာ နောက်ထပ် ပြစ်မှု နှစ်ခုနဲ့ အရေးယူခံခဲ့ရတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က မနေ့က အင်္ဂါနေ့မှာ ပြောတဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (က)နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄ (က) တို့နဲ့ ထပ်ပြီး အရေးယူခံခဲ့ရတာပါ။ အကြမ်းဖက်ပုဒ်မက ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ်ကနေ ၇ နှစ်အထိ ကျခံရနိုင်ပြီး အကြည်ညိုပျက်မှုပုဒ်မက ထောင်ဒဏ် ၇နှစ်ကနေ အနှစ် ၂ဝ အထိကျခံရနိုင်ပါတယ်။

အမေရိကန်သတင်းသမား Danny Fensterရဲ့ တရားခွင်ကို သတင်းမီဒီယာနဲ့ ပြည်သူတွေ လာခွင့်မရပါဘူး။ အမှုအခြေအနေအသေးစိတ်ကို ရှေ့နေကပဲ ပြန်ပြောပြတာပါ။ အမေရိကန်သတင်းသမား Danny Fensterဟာ မေလ ၂၄ရက်နေ့က မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို မိသားစုနဲ့ တွေ့ဖို့အပြန် ရန်ကုန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ပုဒ်မ ၅ဝ၅ (က) လူဝင်မှုဥပဒေနဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေတွေနဲ့ အရေးယူခံခဲ့ရပါတယ်။ အခုဆို သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅ခု ရှိသွားပါပြီ။

အမှုစစ်ဆေးမှုတွေ ဆက်ပြီးလုပ်ဖို့ တရားလိုဘက်က သက်သေအထောက်အထားတွေ အလုံအလောက် တင်ပြထားတယ်လို့ တရားသူကြီးက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Danny Fensterဟာ Frontier Myanmar သတင်းဌာနက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနဲ့ တခြားသက်သေ အထောက်အထားတွေကို တရားရုံးကို တင်ပြခဲ့ပြီး အသိသက်သေနှစ်ယောက်လည်း တရားရုံးမှာ မနေ့က ထွက်ဆိုခဲ့ကြတယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြော ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org