သတင်းသမား ဒန်နီဖန်းစတား အမေရိကန်ပြန်ရောက်

အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချခံရပြီး ထောင်ထဲမှာ ၆လနီးပါးနေခဲ့ရတဲ့ အမေရိကန်သတင်းသမား ဒန်နီဖန်းစတားကို စစ်ကောင်စီက တနင်္လာနေ့မှာ လွှတ်ပေးခဲ့ပြီး အမေရိကန်ထောင်စု နယူးယောက်မြို့ကို အင်္ဂါနေ့မနက် ၈နာရီလောက်မှာ ပြန်ရောက်လာခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ JFK လေဆိပ်မှာ သတင်းသမား ဒန်နီဖန်းစတားနှင့် မိသားစုဝင်များ ပြန်လည်ဆုံတွေ့ကြစဉ်။ Photo: Reuters

အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချခံရပြီး ထောင်ထဲမှာ ၆လနီးပါးနေခဲ့ရတဲ့ အမေရိကန်သတင်းသမား ဒန်နီဖန်းစတားကို စစ်ကောင်စီက တနင်္လာနေ့မှာ လွှတ်ပေးခဲ့ပြီး အမေရိကန်ထောင်စု နယူးယောက်မြို့ကို အင်္ဂါနေ့မနက် ၈နာရီလောက်မှာ ပြန်ရောက်လာခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ သူအခုလို ပြန်လွတ်မြောက်လာရေးမှာ အဓိက ကူညီခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်နဲ့အတူ မနေ့က ပြန်ရောက်လာတာပါ။

နယူးယောက်မြို့JFK လေဆိပ်မှာ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့ရပြီး အတိုင်းမသိ ဝမ်းသာရတယ်လို့ ဒန်နီဖန်းစတားက ပြောပါတယ်။ မြန်မာနိုင်ငံက ထောင်တွေထဲမှာ ကျောင်းဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေနဲ့ မြန်မာပြည်သူ အများအပြားရှိနေသေးတာကြောင့် သူ့ရဲ့လွတ်မြောက်မှု အထိမ်းအမှတ်ကို မိဘဆွေမျိုးတွေနဲ့ အကျဉ်းချုံးစီစဉ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အိမ်အပြန်ခရီးက ရှည်ကြာလွန်းတယ်လို့လည်း လေဆိပ်အရောက်မှာ သတင်းသမားတွေကိုပြောပါတယ်။ သူဟာ ဘာအကြောင်းမှ မရှိဘဲ ဖမ်းဆီးထောင်ချခံခဲ့ရတယ်၊ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးကောင်းတယ်၊ ရိုက်နှက်ခံရတာ၊ ငတ်ပြတ်တာတွေ မခံစားခဲ့ရဘူးလို့လည်း ဆိုပါတယ်။ အဖမ်း အဆီးခံထားရတဲ့ တခြားသတင်းသမားတွေ လွတ်မြောက်ရေးကို အာရုံစိုက်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အသက်၃၇နှစ်အရွယ် ဒန်နီဖန်းစတားဟာ ရန်ကုန်မြို့အခြေစိုက် Frontier Myanmar သတင်းဌာနမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၂၄ ရက်နေ့က မိသားစုနဲ့ပြန်ဆုံဖို့ အမေရိကန်ပြည်ထောင်စုကိုအပြန် ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org