မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ ထိုင်းဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်းနဲ့ မနေ့က တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့အတွက် ပြောကြားခဲ့ကြောင်း သိရပါတယ်။
-
2018-08-14 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်းနဲ့ မနေ့က တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့ အတွက် ပြောကြားခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးနဲ့ မြန်မာနဲ့ ထိုင်း သံတမန် ဆက်သွယ်မှု နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။
ဝန်ကြီး မွတ်ဝီနိုင်းနဲ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ပါတယ်။ အဲဒီ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံဟာ သန်းနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်နဲ့ အတွေ့အကြုံတွေ ပေးအပ်နေသလို အပြန်အလှန်အားဖြင့် မြန်မာ အလုပ်သမားတွေကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။