တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဖယ်ရှားဖု့ိ အတိုင်ပင်ခံကိုတောင်းဆို

တနင်္သာတိုင်းဒေသကြီးအစိုးရကို ဆုံးမဖို့အတွက် လာတာလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေဆုံပွဲမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office

တနင်္သာတိုင်းဒေသကြီးအစိုးရကို ဆုံးမဖို့အတွက် လာတာလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်လာသူ အားလုံးနီးပါးက တိုင်းအစိုးရကို ပြည်သူတွေ ထောက်ခံမှုမရှိတာ၊ တိုင်းအစိုးရ အဖွဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းတာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုရာမှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် က အခုလို ပြောကြားခဲ့တာပါ။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ယန္တရား ပိုမိုကောင်းမွန်အောင် သေချာစစ်ဆေး ဆောင်ရွက်သွားမယ်လို့လည်း အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

အဲဒီတေ့ွဆုံပွဲကျင်းပရာ ခန်းမရှေ့မှာလည်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်ထွန်း ကို တာဝန်ကနေ ဖယ်ရှားပေးဖို့၊ တိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး ကိုလည်း ပါတီရာထူးကနေ ဖယ်ရှားပေးဖို့ စာတန်းပါ ပိုစတာတွေ ကိုင်ဆောင်ပြီး တောင်းဆိုသူတွေ ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ဟာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး NLD ပါတီဗဟိုဌာနချုပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org