ဒေါ်အောင်ဆန်းစုကြည် ထိုင်း စံပြရွာကြည့်ရှု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဇနီး နရာပေါင် ချာအိုချာနဲ့အတူ နခွမ်းပထုမ် ခရိုင်က စန်ဖလန်မြို့မှာရှိတဲ့ ဘန့်ဟိုးအောင် စံပြကျေးရွာကို ဒီနေ့သွားရောက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၄ ရက်နေ့က ထိုင်းအစိုးရရုံးမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဇနီး နရာပေါင်ချာအိုချာနဲ့အတူ  နခွမ်းပထုမ် ခရိုင်က စန်ဖလန်မြို့မှာရှိတဲ့ ဘန့်ဟိုးအောင် စံပြကျေးရွာကို ဒီနေ့သွားရောက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ရတ်ချ်ဘူရီခရိုင်မှာရှိတဲ့ ထမ်းဟင် ဒုက္ခသည်စခန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတုမကောင်းတဲ့အတွက် အစီအစဉ်ဖျက်လိုက်ပြီးတဲ့နောက် နခွမ်းပထုမ်ခရိုင်ကို သွားရောက်တာပါ။

ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီမြို့မှာရှိတဲ့ ပန်ချန်း ဘုန်ကြီးကျောင်းကိုသွားတဲ့အခါ  လမ်းမှာစောင့်နေတဲ့ မြန်မာတွေကို ကားပေါ်ကဆင်း ပြီး နုတ်ဆက်အားပေးစကားပြောကြားပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာကျောင်းသားတွေ တက်ရောက်နေတဲ့ ဗန်ကောက်မြို့က Assumption  တက္ကသိုလ်ကို သွားရောက်ပြီး မြန်မာကျောင်းသားတွေနဲ့ တွေ့ ဆုံဖို့ရှိပေမယ့် လုံခြုံရေးအခြေအနေကြောင့် အစီအစဉ်ဖျက်လိုက်ရပါတယ်။

တက္ကသိုလ်လာရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ရှိပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဂုဏ်ပြုမယ့် အစီအစဉ်ကို  မြန်မာသံရုံးကို နေရာပြောင်းလိုက်ရတယ် လို့ Assumption  တက္ကသိုလ်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org