ဒီဇင်ဘာလမှာ သိမ်းယူလယ်မြေ ဧက ၁ သိန်း ၂ သောင်းကျော် ပြန်ပေးမည်

မြန်မာတစ်နိုင်ငံလုံးမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက တစ် သိန်းနှစ်သောင်းကျော်ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြေယာပြဿ နာ တွေအားလုံးကို ဖြေရှင်းပေး သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

မြန်မာတစ်နိုင်ငံလုံးမှာ သိမ်းဆည်းထားတဲ့ လယ် ယာမြေတွေထဲက ဧက တစ်သိန်းနှစ်သောင်းကျော် ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်သွား မှာဖြစ်ကြောင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြေ ယာပြဿနာ တွေအားလုံးကို ဖြေရှင်းပေး သွားမယ် လို့  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက် ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မြေအသုံးချမှှုစီမံမှှုကော်မတီသည် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံမှှုကြောင့် ပြည်သူများ နစ်နာမှှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့် အစီရင်ခံစာတွင် ပါဝင်ခြင်းမရှိပဲ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနဲ့  ပုဂ္ဂလိက အဖွဲ့အစည်းများမှ သီးခြားအပ်နှံလာ တဲ့ မြေများကိုလည်း သက်ဆိုင်ရာသူများသို့ ပြန်လည်ပေးအပ်လျှက်ရှိပါတယ်၊ ၂၄ ရက်၊ ၆ လ၊ ၂၀၁၄ အထိ တပ်မတော်တပ်ရင်းတပ်ဖွဲ့များမှ ၈၇၅၉၆.၈၂ ဧကနဲ့ ကော်မတီ အဖွဲ့အစည်းများမှ ၃၉၂၆၅.၉ ဧက စုစုပေါင်း မြေဧရိယာ ၁၂၆၈၆၁.၉၈ ဧက ပြန်လည်ပေးအပ်မည်ဖြစ်ပါတယ်"

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ ပါ အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ၆ လအတွင်း အစိုးရအဖွဲ့ရဲ့ ဖြေရှင်း ဆောင်ရွက်မှုအခြေအနေတွေကို ဒီနေ့ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြည်ထောင်စုလွှတ်တော်ကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ရပ်ကျေးအဆင့်မှာဖွဲ့စည်းထားတဲ့ မြေယာအသုံးချမှုစီမံ ခန့်ခွဲရေး ကော်မတီအနေနဲ့လည်း လယ်ယာမြေပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ဒီနေ့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org