ရေနက်ဆိပ်ကမ်း အစိုးရ တာဝန်ရှိ
မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် ထိုင်း နဲ့မြန်မာအစိုးရ တွေက လမ်း၊ တံတားစတဲ့ အခြေခံအဆောက်အဦးတွေနဲ့ ရေ-မီး-လျပ်စစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်မယ်ဆိုရင် စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖေါ်ဖို့ ခက်ခဲ လိမ့်မယ်လို့ ထိုင်းအစိုးရရဲ့ စီမံကိန်းဌာနကပြော လိုက်ကြောင်း ဒီနေ့ထုတ် ဗန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြ လိုက်ပါ တယ်။
-
2014-04-19 -
-
-
မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုံ စီမံကိန်းအတွက် ထိုင်းနဲ့မြန်မာ အစိုးရ တွေက လမ်း၊ တံတားစတဲ့ အခြေခံအဆောက် အဦးတွေနဲ့ ရေ-မီး-လျပ်စစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်မယ် ဆိုရင် စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖေါ်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်း အစိုးရရဲ့ စီမံကိန်းဌာနကပြောလိုက်ကြောင်း ဒီနေ့ထုတ် ဗန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြလိုက်ပါ တယ်။
ပုံမှန်အားဖြင့်ဆိုရင် မဟာစီမံကိန်းကြီးတွေ၊ စက်မှုဇုံ ကြီးတွေဖေါ်ဆောင်တဲ့နေရာမှာ အခြေခံ အဆောက် အဦးတွေကို ကမ္ဘာမှာ အစိုးရတွေကပဲ တာဝန် ယူဆောင်ရွက်မှ ရင်းနှီးမြှုပ်နှံချင်သူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနဲ့ လူမှုဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Arkhom Termpittayapaisith (အာခွန် တမ်ပစ် တယာပေဆစ်) ကပြောပါတယ်။
ထားဝယ်စီမံကိန်းမှာတော့ အဲဒီလိုမြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်မှု မရှိဘူးလို့သူကဆိုပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံအတွက် ထိုင်းနဲ့ဆက်သွယ်မယ့် နှစ်လမ်းမောင်း အဝေးပြေး လမ်းမကြီး ဖေါက်လုပ်ရေး၊ ကုန်တင်ကုန်ချဆိပ်ကမ်း တစ်ခုတည်ဆောက်ရေးနဲ့ ဧကတစ်သောင်းကျော် ကျယ်ဝန်းတဲ့စက်မှုဇုံဖေါ်ဆောင်ရေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက တင်ဒါခေါ်ယူခဲ့ပေ မယ့် လျှောက်လွှာတင်မယ့်သူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။