ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အပေါ် အထောက်အကူပြုနိုင်ဖို့ အတွက် ဒိန်းမတ်နိုင်ငံနဲ့ နယ်သာလန်နိုင်ငံက နိုင်ငံရေးကျွမ်းကျင်သူတွေ နဲ့ မြန်မာ့နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးအတွက် အထောက်အ ကူပြုနိုင်ဖို့ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံက နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ မြန်မာ့နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က တွေ့ဆုံခဲ့စဉ် photo: RFA/Kyaw Thu

အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်နိုင်ငံက Danish Institute for Parties and Democracy (DIPD) အဖွဲ့၊ နယ်သာလန်နိုင်ငံက Netherlands Institute for Multiparty (NIMD)အဖွဲ့တွေနဲ့ မြန်မာနိုင်ငံက ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းဖောင်ဒေးရှင်း မန်နေဂျာ ဒေါ်နန်ရော်က RFA ကို အခုလို ပြောပါတယ်။

"ပါတီစုံဆိုတဲ့ အနှစ်သာရက ကျွန်မတို့ဆီမှာ အရမ်းနည်းနေသေးတယ်၊ မြန်မာနိုင်ငံအခြေအနေက ဘာမဆို အချိန်ကိုစောင့်မနေပဲနဲ့ အလိုလိုဖြစ်လာမယ့်ဟာတွေကို မစောင့်ပဲနဲ့ ကျွန်မတို့ဘေးကနေ ပံ့ပိုးတဲ့တွန်းအားတွေ၊ တခြားဒီမိုကရေစီထွန်းသစ်စ နိုင်ငံတွေမျာလည်း အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးရှိနေတော့ အဲ့အဖွဲ့အစည်းတွေရဲ့အားကိုရယူတာတွေရှိပါတယ်"

နှစ်ရက်ကြာကျင်းပမယ့် အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က အဖွဲ့ဝင် ကိုယ်စားလှယ်နှစ်ဦးနဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org