အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစကား

RFA Burmese
2023.09.15
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစကား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ‌ဂိုင်ယာနာနိုင်ငံ၊ ဂျော့ရှ်တောင်းမြို့တွင် တွေ့ရစဉ်။
KENO GEORGE / AFP

ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီမြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာမဟာမိတ်တွေ ဆောင်ရွက်နေတဲ့အကြောင်း အထူးပြုပြောဆိုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြောလိုက်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာကြီး ခေတ်မီတိုးတက်ပြောင်းလဲလာတာနဲ့အမျှ အစိုးရတွေဟာ ဒီမိုကရေစီဖြစ်စဉ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့အခါမှာ နည်းပညာတွေကို အလွဲသုံးစားလုပ်နေတာကို တွေ့မြင်နေရတယ်လို့ ပြောပါတယ်။

အင်တာနက်ဖြတ်တာ၊ ဆန့်ကျင်ဘက်အမြင်ရှိတဲ့သူတွေကို ဦးတည်ပြီး နှိပ်စက်တဲ့အခါမှာ နည်းပညာကို တစ်လွဲအသုံးပြုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်တာဖြစ်စေတယ်လို့လည်း ပြောပါတယ်။

ဒီမိုကရေစီဆိုတာ အစိုးရပုံစံဆိုတာတင်မကဘဲ လူတိုင်း ကိုယ့်စိတ်ကြိုက်ဘဝကို ဖန်တီးခွင့်ပုံဖော်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက်လည်း အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။