ဒိန်းမတ်သံအမတ်ကြီး စစ်တွေမြို့က မွတ်ဆလင်တွေနဲ့ တွေ့ဆုံ
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့တွေ့ ဆုံပြီး နိုင်ငံသား စိစစ်ရေးကိစ္စရပ်တွေကို ဒီနေ့ ဆွေးနွေးခဲ့ ပါတယ်။
-
2016-11-10 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး နိုင်ငံသားစိစစ်ရေးကိစ္စရပ်တွေကို ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
သံအမတ်ကြီးအနေနဲ့ ရခိုင်ပြည်နယ်က နိုင်ငံသာဖြစ်ရေးကိစ္စတွေ ပြေလည်နိုင်ရေးနဲ့ပတ်သက်ပြီး အဓိက ထားဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးရာမှာပါဝင်ခဲ့တဲ့ သက္ကယ်ပြင်ကျေးရွာက ကိုတင်လှိုင်ကပြောပါတယ်။
"သူ့အနေနဲ့ ဖြစ်စေချင်တာကတော့ နှစ်ဖက်လက်ခံတဲ့ အဖြေတစ်ခုပေါ့နော် အဲ့လိုမျိုးပြောသွားတယ်၊ နောက် သူ့အနေနဲ့လည်း သူကစေ့စပ်ညှိနှိုင်းတဲ့ လူတစ်ယောက်သာဖြစ်တယ်၊ နိုင်ငံသားဖြစ်မယ့်ကိစ္စတွေနဲ့ ပတ်သက် လို့ မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ်လို့ သူ့သဘောထားကို တင်ပြသွားတယ်"
ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား အငြင်းပွားနေကြတဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး နှစ်ဘက် စလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရစေချင်ကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့တယ်လို့ ကိုတင်လှိုင်က ပြော ပါတယ်။
တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မွတ်ဆလင်ခေါင်းဆောင်တွေဘက်ကတော့ ရခိုင်ပြည်နယ်က ပြဿနာတွေ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုကို လိုလားကြောင်း တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် ၄၆ ဦးဟာ NVC လို့ခေါ်တဲ့ အစိမ်းရောင်ကဒ်တွေ လျှောက် ထားခဲ့ရာမှာ အခုအချိန် ၈ လလောက် ကြာမြင့်တဲ့အထိ အစိုးရက ဘာမှတုန့်ပြန်ပြောဆိုတာ မရှိကြောင်းကိုလည်း သံအမတ်ကြီးကို တင်ပြခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen ဟာ ဒီနေ့ မနက်က ခေါင်းဒုက္ခာ မွတ်ဆလင်ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။