ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးကြီးစောဆန်းအောင်တို့ကို DKBA ကနေ ဖယ်ရှား

DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် ဗဟိုဌာနချုပ်က ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးကြီးစောဆန်းအောင်တို့ကို အပြီးအပိုင် ထုတ်ပယ် လိုက်ပါတယ်။

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ် Photo: Kyaw Lwin Oo/RFA

DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် ဗဟိုဌာနချုပ်က ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးကြီးစော ဆန်းအောင် တို့ကို အပြီးအပိုင် ထုတ်ပယ်လိုက်ပါတယ်။

DKBA ရဲ့ တပ်စည်းကမ်းကို ချိုးဖေါက်လို့ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးစောစိုးမြင့်က ပြောပါတယ်။

"တပ်စည်းကမ်းနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းနဲ့မညီညွတ်လို့ ထုတ်ပယ်လိုက်တယ်ပေါ့၊ အဲ့ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စတို့ နောက်တစ်ခါ လောင်းကစားမှုပါတယ်"

ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်တဲ့ ကလို့ထူးဘောတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား မြဝတီနဲ့ ကော့ကရိတ် မြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမအနီးမှာ အခုလဆန်းပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက DKBAတပ်ဖွဲ့ကနေ ပထမအကြိမ် ယာယီထုတ်ပယ် ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြန်လည်ခေါ်ယူခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org