ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် လွတ်မြောက်ဖို့ ဆုတောင်း

ရခိုင်ပြည်နယ်မှာ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံနေရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် စစ်တွေမြို့ ဘုရားကြီးသိမ်မှာ လူပေါင်း ၂၀၀ ကျော်လောက် ဒီနေ့ဆုတောင်းပွဲကျင်းပကြပါတယ်။

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် စစ်တွေမြို့ ဘုရားကြီးသိမ်မှာ ၂၀၁၈၊ သြဂုတ် ၅ ရက်နေ့က ဆုတောင်းပွဲကျင်းပစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံနေရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် စစ်တွေမြို့ ဘုရားကြီးသိမ်မှာ လူပေါင်း ၂၀၀ ကျော်လောက် ဒီနေ့ဆုတောင်းပွဲကျင်းပကြပါတယ်။

သူတို့နှစ်ဦးစလုံးဟာ နိုင်ငံရေးပယောဂတစ်ခုခုကြောင့် ဖမ်းဆီးခံရတာလို့ ယုံကြည်ကြောင်း ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။

"ဒါ သမာရိုးကျဖမ်းဆီးခံရတယ်လို့ ကျမတို့က မသုံးသပ်ပါဘူး၊ ဒါ နိုင်ငံရေဒပရောဂ တစ်ခုခုကြောင့်လို့ ကျမတို့က သုံးသပ်တယ်၊ အဲဒါကြောင့်မို့လို့ ဥပဒေရဲ့မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်နဲ့အတူ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ကျမတို့က လွတ်မြောက်စေချင်တာပါ၊ တိုင်းရင်းသားတွေ အကုန်လုံးအတွက် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်၊ ကိုယ့်တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝရစေချင်လို့ အဲဒါစာပေဟောပြောပွဲမှာ ထည့်ပြီးတော့ဟောပြောတာပဲရှိပါတယ်၊ ဒါ နိုင်ငံတော်ကို ကျနော်တို့ကို ခွဲပေးပါ၊ ကျမတို့ကို ကျနော်တို့ကို မြန်မာနိုင်ငံကြီးကို တစ်ဝက်ခွဲပေးပါလို့ တောင်းဆိုတာ မဟုတ်ဘူး"

ဆုတောင်းပွဲကို စစ်တွေမြို့နယ်အတွင်း ကျေးရွာအချို့က ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောချက်တွေကြောင့် အခုဆိုရင် ဖမ်းဆီးခံထားရတာ ၈လခန့်ရှိပြီ ဖြစ်ပါတယ်။

အဲဒီပုဒ်မသုံးခုကို စစ်တွေခရိုင်တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လက်ရှိမှာ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးဖြစ်တာကြောင့် မနက်ဖြန် ရုံးချိန်းမှာ ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ဟောပြောခဲ့တဲ့ မူရင်းအသံဖိုင်ကိုဖွင့်ပြီး တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆုတောင်းပွဲပြုလုပ်ခဲ့တဲ့ ဘုရားကြီးသိမ်အနီးမှာ ရဲတပ်ဖွဲ့က လုံခြုံရေးကို တိုးမြှင့်ချထားပြီး တခြား ရဲအင်အား အတော်များများကလည်း လှည့်ပတ်သွားလာနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org