မူးယစ်ဆေးစွဲသူတွေကို တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ မှာ ဆေးဖြတ်ကုသပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ကျန်းမာရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲသူတွေကို မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဖြတ်ကုသပေးနေပါတယ်။

မြိတ်ခရိုင် တနင်္သာရီ မြို့နယ်ပြည်သူ့ဆေးရုံမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ကျန်းမာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲသူတွေကို ဆေးဖြတ်ကုသပေးစဉ် Photo: Ko Tar Yar

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ကျန်းမာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲသူတွေကို  မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဖြတ်ကုသပေးနေပါတယ်။

ဆေးစွဲနေတဲ့လူတွေကို ဖမ်းဆီးတာတွေ မလုပ်ဘဲ ဆေးဖြတ်ပေးနေတယ်လို့ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အဓိကတော့ ဘယ်ဆေးဘဲသုံးသုံးပေါ့နော် မူးယစ်ဆေးစွဲရင် လာဖြတ်ဖို့အတွက် လိုက်ပြီးကွင်းဆင်း ပြီး ဟောပြောပွဲတွေဘာတွေမှာ မြို့နယ်ရဲတပ်ဖွဲ့တွေ ကျန်းမာရေးအဖွဲ့တွေက ပြောတာပေါ့ ၊ ပြောတော့ကျတော့ ရွာကလူတွေက လာဖြတ်တာပေါ။ တချို့ပေါ့ ကြောက်တာပေါ့နော်၊ မူးယစ်ဆေး ဝါးသုံးတယ်ဆိုတော့ ဖမ်းမှာစိုးရိမ်လို့ အမှန်တကယ်က မဖမ်းပါဘူးဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေရော MANA အဖွဲ့တွေရော ပြောထားတယ်"

တနင်္သာရီမြို့နယ်မှာ မူးယစ်ဆေးဝါး ဆေးဖြတ်ကုသမယ့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၆ ဦကို ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာန ဆေးဖြတ်ကုသပေးနေသလို နောက်ထပ် ဆေးဖြတ်လိုသူတွေရှိရင် လာရောက် ကုသဖို့ ကျေးရွာတွေအထိ အသိပေးနေပါတယ်။

တနင်္သာရီမြို့နယ်မှာ ဒေသထွက် ဘိန်းစာမှုန့်သုံးစွဲတာများပြားပေမယ့် အဆင့်မြင့်ဆေးဝါးတွေဖြစ်တာကြောင့် ပြင်ပ လူနာအနေနဲ့ ဆေးဖြတ်ကုသပေးနေပါတယ်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်တွေမှာလည်း မူးယစ်ဆေးဖြတ်ကုသတာတွေ ပြု လုပ်ပေးနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org