ရွေးကောက်ပွဲလုံခြုံရေးအတွက် လိုအပ်ရင် တပ်မတော်က ကူညီပေးမယ်လို့ ပြော
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စဟာ အရေးကြီးတဲ့အတွက် ဘာမှအဖြစ်ခံလို့ မရတဲ့အခြေအနေမှာရှိတယ် လို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဒီနေ့ ပြောပါတယ်။
-
2015-10-02 -
-
-
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကာလမှာ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စဟာ အရေးကြီးတဲ့အတွက် ဘာမှအဖြစ်ခံလို့ မရတဲ့အခြေအနေမှာရှိတယ်လို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဒီနေ့ ပြောပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး မင်းနောင်က အခုလိုပြောတာဖြစ်ပါတယ်။
"ဒီကာလမှာ ကျနော်အမြင်ကတော့ လုံခြုံရေးပိုင်းဆိုင်ရာမှာ ဆက်ဆက်ထိမခံတဲ့ ကာလလို့ပဲ ကျနော် ထင်ပါတယ်၊ အဲ့ဒီတော့ နည်းနည်းလေးမှကို ကျနော်တို့က အစလည်းမဖြစ်ဘူး၊ ဆက်ဆက်ထိလည်း မခံနိုင်ဘူးပေါ့၊ နည်းနည်းလေး ဆက်ဆက်ထိပြီးတော့ နည်းနည်းလေးစပြီးသွားရင် ဒီဖြေရှင်းရမယ့်ဟာတွေက ကျနော်တို့က ကြီးထွားလာမှာ ကျနော်တို့က စိုးရိမ်ပါတယ်၊ အဲ့ဒီတော့ ဘာမှကိုမဖြစ်ပဲနဲ့ ဒီအတိုင်းပဲ အောင်မြင် ပြီးမြောက်အောင်လို့ ကော်မတီဝင်တွေက မိမိနဲ့ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ လုပ်ပေးဖို့ပါပဲ"
ဒါ့အပြင် လုံခြုံရေးအရ လိုအပ်လာရင် တပ်မတော်က အကူအညီပေးမှာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးမင်းနောင် က ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေ ၁၁ သိန်း ၆ သောင်းကျော်ရှိပြီး မဲပေးနိုင်သူ ၆ သိန်း ၇ သောင်းကျော် ရှိပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲရုံပေါင်း ၆ဝဝ ကျော်ထားရှိမှာဖြစ်ပြီး မဲရုံတစ်ရုံမှာ အထူးရဲတစ်ယောက်စီနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ထားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ၊ နေပြည်တော်ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာအသီးသီးက အရာရှိတွေ၊ ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ စုစုပေါင်း ၇ဝ ခန့် တက်ရောက်ပါတယ်။